သက်ငယ်မုဒိန်းပြစ်ဒဏ်ပြင်ဆင်ရန် ခိုင်နှင်းဝေ လွှတ်တော်ထိသွားရောက်တောင်းဆိုမည်
05 Mar 2018 1,345 Views
သရုပ်ဆောင် ခိုင်နှင်းဝေက သက်ငယ်မုဒိန်းအတွက် ကြီးလေးသောပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုမှုကို သူမရဲ့ မွေးနေ့မှာ နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း သူမ၏ လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၄ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။
သက်ငယ်မုဒိန်းပြစ်ဒဏ် ပြင်ဆင်ရေးတောင်းဆိုမှုအတွက် မတ်လ ၅ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတ်လ ၁၄ ရက်နေ့သို့ ပြောင်းလဲသွားသည့်အတွက် သူမ၏ မွေးနေ့တွင် မိသားစု အပေါင်းသင်းများနဲ့ အတူတူဖြတ်သန်းရမည့် အချိန်လေးများကို ကလေးများအတွက် အလေးထားကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။
“ဒီနှစ် မွေးနေ့လေးမှာ အလှူတွေလုပ် ပြီး မိသားစုနဲ့ အဖွဲ့နဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ဖြတ်သန်းဖို့ စိတ်ကူးထားပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် နေပြည်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သက်ငယ်မုဒိန်းကြီးလေးသောပြစ်ဒဏ်ချပေးဖို့တောင်းဆိုဖို့သွားမဲ့ရက်နဲ့တိုက်သွားတယ်.ပထမ မတ်လ ၅ ရက်နေ့စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတ်လ ၁၄ ရက်နေ့ဖြစ်သွားတယ်.ဒါပေမဲ့ ကလေးတွေအတွက် ကျမအလေးထားရမှာမို့ ကျမရဲ့ ကိုယ်ရေးကိုယ်တာမွေးနေ့လေးဖျက်ပြီးသွားပါ့မယ်.ဒါလဲ ကုသိုလ်ရတာပဲလေ..ဥပဒေ ဆိုတာပြင်ဖို့ခက်ခဲပေမဲ့ ကျမတဦးတည်းမဟုတ်ပါဘူး.ဆရာဦးအောင်မျိုးမင်း Aung Myo Min နှင့် အဖွဲ့အစည်းများပေါင်းပြီး အဖြစ်နိုင်ဆုံးတွေ ဘာလုပ်ပေးနိုင်မလဲ မေးခြင်းထက် ဘာတွေလုပ်ပေးပါဆိုပြီး တောင်းဆိုသွားမှာပါ အရိုးကြေကြေအရည်ခမ်းခမ်း ကြိုးစားတောင်းဆိုမယ်ဆိုတာ အသိပေးအပ်ပါတယ်ရှင်..”