BEC-TERO TV

ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင်လို့ မင်္ဂလာဆောင်ကနေ ရန်ပွဲကြီးအသွင်ပြောင်းသွား

27 Feb 2018     1,390 Views


တရုပ်နိုင်ငံ ရန်ချန်းမြို့က မင်္ဂလာဆောင်တစ်ခုမှာ အရက်မူးလွန်နေတဲ့ သတို့သားရဲ့ ဖခင်က သတို့သမီးကို လူပုံအလယ် ကစ်ဆင်ဆွဲခဲ့တာကြောင့် မင်္ဂလာဆောင် အဖြစ်ကနေ ရန်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

မင်္ဂလာဆောင်ဟာ အစပိုင်းမှာ အားလုံးအဆင်ပြေနေခဲ့ပြီး ယောက္ခထီးဖြစ်သူက သတို့သမီးကို စင်မြင့်ထက်က သတို့သားဆီကို ခေါ်ဆောင်လာတဲ့ အချိန်မှာ ပြဿနာက စပါတယ်။ ယောက္ခထီးဖြစ်သူဟာ သတို့သမီးရဲ့ ပခုံးပေါ် သူ့လက်ကြီးနဲ့ သိုင်းဖက် တွဲခေါ်လာတာကြောင့် သတို့သမီးမှာ ကသိကအောက်ဖြစ်နေရပေမယ့် အခြေအနေက လက်ခံလို့ရပါသေးတယ်။

ဒါပေမယ့် စင်ပေါ်ရောက်တဲ့အချိန်မှာတော့ သတို့သမီးရဲ့ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့အတင်းတေ့ကာ ရာနဲ့ချီတဲ့ လူပုံအလယ်မှာ အငမ်းမရ ကစ်ဆင်စွဲခဲ့ပါတယ်၊ သတို့သမီးက အတင်းရုန်းကန်းချိန်မှာတော့ သတို့သမီးဘက်က အမျိုးတွေတက်လာပြီး အနီးနားမှာတွေ့တဲ့ အလှဆင်ပစ္စည်းတွေနဲ့ ဝိုင်းရိုက်ပါတော့တယ်။

အဲဒီကနေတစ်ဆင့် နှစ်ဖက်အမျိုးတွေပါ ခန်းမထဲမှာ အချင်းချင်း ဆော်ကုန်ကြပါတယ်။ သတို့သမီးဖြစ်သူက ဝမ်းနည်းရှက်လွန်းလို့ ငိုယိုနေသံဟာ သီချင်းသံတွေကြားမှာတောင် ကြားနေရပါတယ်။

ဒီအခြေအနေကြောင့် နှစ်ဖက်အသိုင်းအဝိုင်း ပြေလည်ဖို့ အလွန်ခက်တဲ့အခြေအနေကို ရောက်ရှိသွားပြီး သတို့သားနဲ့ သတို့သမီးတို့မှာလည်း ဆုံဆည်းဖို့ ခက်ခဲနေပါတယ်။ အဆိုပါ အဖြစ်ပျက် ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ယောက္ခထီးဖြစ်သူရဲ့ မူးမူးရူးရူးနဲ့ ဆန္ဒကိုမဖုံးဖိနိုင်တဲ့ လုပ်ရပ်ကို အားလုံးက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
 


27 Feb 2018     1,390 Views




RELATED

Most Popular of Special or Others

Most Popular of NEWS