BEC-TERO TV

မိဘများကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားခဲ့သည့်သား ကြေးစားလူသတ်သမား လက်ချက်ဖြင့် ဖမ်းဆီးခံခဲ့ရ

27 Feb 2018     1,435 Views


မိဘများနှင့် ညီမဖြစ်သူကို ကြေစားလူသတ်သမား ငှားရမ်းကာ သတ်ခဲ့သည့်အတွက် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရုရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မိဘတွေရဲ့ အမွေကိုတစ်ဦးတည်း မောင်ပိုင်စီးလိုတဲ့အတွက် ကြေစားလူသတ်သမားကို ငှားရမ်းကာ သတ်ရန်စေခိုင်ခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် မကောင်းမှု အကုသိုလ်က ပြုသူထံပြန်လာသည့်အလျောက် သူငှားရမ်းခဲ့သော ကြေစားလူသတ်သမားမှာ အယောင်ဆောင်အသွင်ယူထားသော လျှို့ဝှက်ရဲတစ်ဦး ဖြစ်နေခဲ့တာကိုတော့ သူမသိခဲ့ပါ။

သူ့ရဲ့အကြံစည်ကို သိရှိသွားတဲ့ ကြေးစားအယောင်ဆောင်ရဲက အမှုမှန်ပေါ်ပေါက်စေရန် သူ၏ မိဘဖြစ်သူများနဲ့ ပူးပေါင်းကာ သူ့ကိုတစ်ပတ်ရိုက်လှည့်စားခဲ့သည်။ သွေးအတုများကို အသုံးပြုကာ မိသားစုတစ်ခုလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခံရဟန်ဆောင်ထားခဲ့ပြီး ဓါတ်ပုံရိုက်ယူခဲ့သည်။

ကြေးစားသမားက အဆိုပါပုံများကို လူငယ်ကို ပေးလိုက်သည့်အခါ လူငယ်က လူသတ်ခ ဒေါ်လာ ၅ သောင်း ၃ ထောင်ကျော်ကို ရှင်းပေးခဲ့သည်။ အဲဒီနောက်မှာတော့ သက်သေခိုင်လုံပြီဖြစ်တဲ့အတွက် ကြေးစားအယောင်ဆောင်ရဲက ချက်ချင်းပြန်လည်ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့၏ အဆိုအရ လူငယ်မှာ မိသားစုကိုသတ်ရန်ကြံစည်မှုမှာ ပထမဦးဆုံးအကြိမ်မဟုတ်ပဲ ယခင်ကလည်း အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးကြောင်း ပေါ်ပေါက်ခဲ့သည်။

အဓိကအကြောင်းရင်းကတော့ မိဘတွေက သူကို ငွေရေးကြေးရေး မထောက်ပံ့တော့လို့ပါ။ အွန်လိုင်းပေါ်ကနေဆစ်ဆင့် ကြေးစားလူသတ်သမားကို ရှာနေခဲ့တာပါ

အရင်တစ်ခါက ရေနွေးအိုးထဲမှာ ဆေးခတ်သတ်ဖို့လုပ်တာ သူ့အဖေက မသင်္ကာဖြစ်တာနဲ့ သွန်ပစ်လိုက်တယ်။ နောက်တစ်ခါက မာကျူရီအဆိပ်သင့်အောင်လို့ ကားထဲက အပူပေးစနစ်ကို ဖျက်ဆီးထားတယ်” ဟု ရဲအဖွဲ့က ပြောဆိုခဲ့သည်။

အဆိုပါပြစ်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်အထက် ကျခံရဖွယ်ရာရှိကြောင်း သိရှိရသည်။


27 Feb 2018     1,435 Views




RELATED

Most Popular of Special or Others

Most Popular of NEWS