BEC-TERO TV

မျက်လုံးမှတစ်ဆင့် ဦးနှောက်ထဲထိ ခဲတံဖောက်ဝင်ခဲ့ရတဲ့ နှစ်နှစ်သားကလေး

27 Feb 2018     1,435 Views


မိဘတွေက သားသမီးတွေကို ပန်းချီဆွဲတတ်အောင်၊ အရောင်လေးတွေခြယ်တတ်အောင် ရောင်စုံခဲတံလေးတွေ ဝယ်ပေးတတ်ကြပါတယ်။  ဒါဟာကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပြီး ကလေးတွေလည်း အနုပညာကို ခံစားနားလည်နိုင်စွမ်းရှိလာစေပါတယ်။  
သို့ပေမယ့် တစ်ဖက်မှာလည်း ခဲတံတွေဟာ ကလေးငယ်တွေအတွက် အန္တရာယ်ရှိတဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာကိုတော့ မိဘတွေအနေနဲ့ အမှတ်တမဲ့နဲ့ မေ့လျော့နေတတ်ပါတယ်။

Wren Bowell ဆိုတဲ့ အသက် နှစ်နှစ်အရွယ် ကလေးမလေးဟာ သူမရဲ့ အိပ်ခန်းထဲမှာ ရောင်စုံခဲတံတွေနဲ့ အရုပ်ရေးဆွဲနေပြီး သူဆွဲထားတဲ့ ပန်းချီပုံလေးကို ဧည့်ခန်းထဲက မိဘတွေကို ပြဖို့ ပြေးထွက်လာခဲ့ပါတယ်၊ အဲဒီအချိန်မှာ ချော်လဲပြီး သူ့လက်ထဲက ခဲတံက သူမရဲ့ မျက်လုံးနေရာကနေ ဦးနှောက်ထဲထိ ဖောက်ဝင်သွားခဲ့ပါတယ်။

အတော်လေး သွေးပျက်စရာကောင်းတဲ့ မြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ မိဘနှစ်ပါးဟာ ထိတ်လန့်စိုးရွံ့စွာနဲ့ သမီးငယ်လေးကို ဆေးရုံတင်ပို့ခဲ့ရပါတယ်။ ကံကောင်းတာက ကလေးရဲ့မိခင်ဖြစ်သူဟာ သူနာပြုတစ်ဦးဖြစ်နေတာကြောင့် စိုက်ဝင်နေတဲ့ ခဲတံကို ဆွဲမထုတ်သင့်ဘူးဆိုတာ သိရှိနားလည်တဲ့အတွက် ဖြစ်ပါတယ်။

ဆေးရုံမှာ ဒဏ်ရာကို စကင်ဖတ်ပြီးတဲ့နောက်မှာတော့ ခဲတံက ဦးနှောက်ထဲထိ စူးဝင်နေတာကိုတွေ့ရပါတယ်။ အဲဒီနောက် ဦးနှောက်နဲ့အာရုံကြောဆေးရုံကို ထပ်မံလွှဲပြောင်းပေးခဲ့ပါတယ်။
ခွဲစိပ်ဆရာဝန်တွေက ကလေးငယ်ကို လေးနာရီကြာ ခွဲစိပ်ပြီးနောက် ခဲတံကိုပြန်ထုတ်ခဲ့ပြီး ဦးနှောက်ကို ပေါက်သွားတဲ့ ဦးခေါင်းခွံနေရာမှာတော့ အထူးပြုလုပ်ထားတဲ့ ပလပ်စတစ်ကို ဝက်အူရစ်စုပ်ပြီး ပြန်လည်ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

သုံပတ်မျှ ဆေးရုံပေါ်မှာ ကုသမှုခံယူခဲ့ပြီးနောက် အကောင်းပကတိအတိုင်း ဆေးရုံမှပြန်ဆင်းနိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်လေးတွေကို ကိုယ်ရဲ့မျက်ကွယ်မှာ ငြိမ်နေရင်ပြီးရောဆိုပြီး သူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ တစ်ယောက်ထဲ လွှတ်မထားသင့်ပါဘူး၊ မနီးမဝေးကနေ ကြပ်မတ်စောင့်ရှာက်သင့်ပါကြောင်း ဖော်ပြလိုက်ပါတယ်။


27 Feb 2018     1,435 Views




RELATED

Most Popular of Special or Others

Most Popular of NEWS