မော်ဒယ် မင်းသမီးအလုပ်တွေမလုပ်ဘူး ဆိုတဲ့ Beauty Bloger ၀င်းမင်းသန်း
05 Feb 2018 1,505 Views
ကျွန်တော် ကျွန်တော် နဲ့ ပြောတက်ပြီး ချစ်စရာကောင်းတဲ့ Beauty Bloger ၀င်းမင်းသန်း ဟာ ပရိတ်သတ်အခိုင်အမာလဲ ရရှိထားသူလည်း ဖြစ်ပါတယ် ။ Yangon in my Heart အမည်နဲ့ Bolger လုပ်လာခဲ့တာ လေးနှစ်ကျော်ကြာသွားပီလဲ ဖြစ်ပါတယ် ။
“၂၀၁၃ ခုနှစ်တည်းက လုပ်လာခဲ့တာ လေးနှစ်ခွဲလဲ ရှိနေပြီ ဖြစ်ပါတယ် ။ Youtube တွေကြည့်ပြီး မိတ်ကပ်ပညာကို တခြား Bloger တွေ တင်ထားတာကို ကြည့်ရှုပြီးသင်ယူခဲ့ရတာပါ ။ မြင်ဆရာတွေပါ ။ အဲ့ဒ်မချိန်တုန်းက မြန်မာနိုင်ငံမှာ Blogger အလုပ်ကို လုပ်တဲ့ သူ သိပ်မရှိသေးဘူး ။ အမတို့တုန်းက ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ video ရိုက် အိမ်မှာပဲ လုပ်နဲ့ အမျိုးစုံပါပဲ ။ အမတို့ အလုပ်က မင်းသမီးတွေနဲ့ မတူဘူးလေ ကိုယ်တိုင်သုံးပြ တကယ်ရေးရတာကြောင့် ကိုယ်တိုင် ကြိုးစားခဲ့လို့ အခက်မခဲတော့ အများကြီး မရှိခဲ့ဘူး ။ အခုချိန်မှာတော့ ဒီနိုင်ငံမှာလည်း တွင်ကျယ်လာပြီ ။ Bloger တွေကများလေကောင်းလေပါပဲ ။ တစ်ယောက်ခြင်းစီရဲ့ တော်တဲ့ပညာတွေကို နောက်ထပ် ထပ်ပြီးပေါ်လာမယ့် လူငယ်တွေအတွက် အခြေခံကောင်းတွေပါလို့ အမထင်တယ် ။ လက်ရှိမှာ Blogger တွေလည်းနေရာ ရလာပြီ video အကောင်းစားတွေလည်း ရိုက်ကူးနိုင်လာကြပြီ ။ ဒါကြောင့်လည်း တအား ၀မ်းသာပါတယ် ။
အမ ကတော့ မိတ်ကပ် ကိုတအားရူးသွပ်တဲ့ သူဆိုတော့ Make up artist တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားမှာပါ ။ မင်းသမီးလဲ မဟုတ် မော်ဒယ်လည်း မဟုတ်တော့ မိတ်ကပ်ပညာ ၊ အလှမပနဲ့ ကျန်းမာရေးကနေ ထပ်ပြီး ကွဲထွက်တဲ့ အလုပ်လုပ်ဖို့မရှိပါဘူး ။ ဖြစ်လို့လည်းမရပါဘူး အသက်လည်းကြီးပါပြီ ။ နောက်ပိုင်း အမျိုးသမီးထု ကျန်းမာရေးအတွက်ပိုပြီး အထောက်အကူပြုမယ့် လုပ်ဆောင်ချက်တွေကိုပဲ တက်တက်ကြွကြွလုပ်ဆောင်သွားမှာပါ ။ ကိုယ်ပျော်တာလေးတွေ လုပ်နေရရင်ပဲ ကျေနပ်ပါတယ်” ဆိုပြိး ပြောသွားခဲ့ပါတယ်။
Credit:popular