BEC-TERO TV

ညအိပ်ချိန် ကုတင်ပေါ်မှာ ဖုန်းသုံးရင် ဘာတွေဖြစ်နိုင်မလဲ

26 Jan 2018     1,484 Views


အိပ်ရာပေါ်မှာ ဖုန်းသုံးခြင်း တနည်းအားဖြင့် သင်ရဲ့မျက်လုံးတွေကို ဒီဖုန်းမှလာတဲ့ အလင်းလှိုင်းတွေနဲ့ တိုက်ရိုက်ထိတွေ့ပေးလိုက်ခြင်းဟာ သင့်ဦးနှောက်ကို မအိပ်နဲ့ဦး၊ အိပ်ချိန်မတန်သေးဘူးလို့ ပြောနေသလိုပါပဲ။

အဲ့ဒီအတွက်ကြောင့် သင်ဟာ ဖုန်းကို ၁၀ နာရီ၊ ၁၁ နဲ့ ၁၂ နာရီအထိ ဆက်လက်အသုံးပြုနေခဲ့ပြီး သင့်ရဲ့ဦးနှောက်မှလည်း ဒီအလုပ်ကို အာရုံစိုက်နေရတဲ့အတွက် အိပ်ချင်စေတဲ့ ဟိုမုန်းတွေကို မထုတ်ပေးနိုင်တော့ပါဘူး။ ဒီလိုနဲ့ သင်ဟာ ၁၂ ခွဲ၊ ၁ နာရီလောက်အထိ ဖုန်းသုံးဖြစ်သွားပါလိမ့်မယ်။

အကယ်လို့ သင်ဟာ အလုပ်အတွက် မနက်ခြောက်နာရီလောက် ထရတဲ့သူဆိုရင် ဒီ ၅ နာရီတာ အိပ်ချိန်ဟာ သင့်အတွက် ဘယ်လိုမှ မလုံလောက်နိုင်တော့ပါဘူး။

 

အိပ်တယ်ဆိုတာ သင့်ခန္ဓာကိုယ်အတွင်းအပြင်မှာရှိတဲ့ လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်းအားလုံးကို အနားပေးတာဖြစ်ပြီး အဲ့ထက်ပိုဆိုးတာက ဒီခန္ဓာကိုယ် လှုပ်ရှားနိုင်ဖို့ထောက်ပံ့ပေးတဲ့ ဆဲလ်တွေဟာ သင်အိပ်ချိန်မှာ ဒီအစိတ်အပိုင်းတွေက ထုတ်ပေးတဲ့ အဆိပ်တွေကို ရှင်းထုတ်ပေးနေပြီး အကယ်လို့ သင်ဟာ တစ်နေ့တာအိပ်ချိန် ၇ နာရီမှ ၉ နာရီအထိမရခဲ့ဘူးဆိုရင် ဒီအဆိပ်တွေဟာ သင့်ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့မှာပါ။ ဒီဟာတွေဟာ တစ်ကမ္ဘာလုံးလူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းလောက် ကြုံတွေ့နေရတဲ့အရာတွေပါ။

ရလဒ်အနေဖြင့် ငါဒီနေ့ သုံးနာရီပဲ အိပ်ခဲ့ရတယ်။ မနက်ဖြန် အလုပ်မသွားတော့ဘူး စသဖြင့် သင့်ရဲ့စိတ်ကို ယိမ်းယိုင်အောင် ပြုလုပ်ပါလိမ့်မယ်။

သင့်ရဲ့ မှတ်မိနိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပြီး သင့်ရဲ့ ပြဿနာတွေးတောဖြေရှင်းနိုင်မှု အားလုံးဟာလည်း သင့်အတွက် စိန်ခေါ်မှုအသစ်လို ဖြစ်လာစေမှာပါ။

သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေတဲ့  သွေးတွင်းရှိ ဟော်မုန်းဓာတ်တစ်မျိုးဟာလည်း ပြောင်းပြန်ဖြစ်သွားစေပြီး  စားသမျှဟာ သင့်ကို ၀စေလာပြီး စားလေ ၀လေ ဖြစ်စေမှာပါ။ အကယ်လို့ ဒီဟော်မုန်းဓာတ်တွေ မလောက်ခဲ့ရင်လည်း သင့်ခန္ဓာကိုယ်ကို အဆိပ်ဖြစ်စေနိုင်ပြီး  ဦးနှောက်စွမ်းဆောင်ရည်ကို လျော့ကျစေမှာပါ။

ဒီပြဿနာဟာ ကျွန်တော်တို့အတွက် အရမ်း အရမ်းကို အရေးကြီးပါတယ်။ ဒီလိုတွေ မဖြစ်အောင်ပြုလုပ်ဖို့ဆိုရင် အနည်းဆုံး တစ်နာရီခန့်ခြားပြီး အိပ်ရာဝင်သင့်ပါတယ်။ အိပ်ချိန်မှာလည်း ဖုန်းကို ပိတ်ထားသင့်ပြီး ကုတင်နဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။


26 Jan 2018     1,484 Views




RELATED

Most Popular of Special or Others

Most Popular of NEWS