BEC-TERO TV

ကျောင်းမသွားချင်တဲ့ ကလေးကို တစ်သက်စာမှတ်အောင် ဆုံးမနိုင်ခဲ့တဲ့မိခင်

26 Jan 2018     1,517 Views


မိဘအတော်များများက သားသမီးအပေါ် မိဘမေတ္တာအပြည့်နဲ့ ချစ်ခင်ကြပေမယ့်လည်း တစ်ချို့အရာတွေမှာ သားသမီးကို ချစ်ရာမရောက်ပဲ နှစ်သလိုဖြစ်သွားတတ်လို့ နည်းလမ်းမှန်ကန်အောင် ညွှန်ပြတတ်မှသာ သားသမီးအပေါ် တစ်ကယ်ချစ်ရာရောက်မှာဖြစ်ပါတယ်။


ထိုင်းနိင်ငံက အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ မိခင်ကကျောင်းထားပေးပေမယ့် ကျောင်းမသွားချင်ဘူး၊ စာမသင်ချင်ဘူးလို့ အကြောက်အကန် ငြင်းဆန်ခဲ့တာကြောင့် မိခင်ဖြစ်သူက စိတ်ဆင်းရဲခဲ့ရပါတယ်။
ကျောင်းသွားဖို့ကို ချော့ကာတစ်မျိုး ခြောက်ကာတစ်မျိုးနဲ့ ဖျောင်းဖျပေမယ့် ကလေးက နားမဝင်ပဲ ပြောမရဆိုမရဖြစ်နေပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ အမြော်မြင်ကြီးတဲ့ မိခင်ပိသစွာဖြင့် သားဖြစ်သူကို တစ်ဘဝလုံး အသိတရားရသွားစေမယ့် ဘဝသင်ခန်းစာတစ်ခုကို ပေးနိုင်ခဲ့ပါတယ်။

မိခင်ဖြစ်သူက “ကဲ.. သားကျောင်းမသွားချင်ရင်လဲ မသွားနဲ့တော့၊ အမေတို့ အမှိုက်ထွက်ကောက်ကြရအောင်” လို့ ပြောတော့ ကလေးက ပျော်သွားပါတယ်။
ဒီလိုနဲ့ သားအမိနှစ်ယောက် လမ်းပေါ်က အမှိုက်ပုံတွေက ရေသန့်ဗူးခွံ၊ ပလင်းခွံတွေကို နေပူထဲမှာ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ကောက်ကြပါလာလေရော...


ဒီလိုနဲ့ နေ့လည်ရောက်လာတော့ ဗိုက်ဆာပေမယ့် စားဖို့ပိုက်ဆံမရှိတာကြောင့် နှစ်ယောက်လုံး ရေပဲသောက်လိုက်ကြပါတယ်။


ညနေပိုင်းလဲရောက်လာရော ကလေးက ညောင်းလာပြီ၊ အိမ်ပြန်မယ် ဗိုက်လဲဆာတယ်လို့ ပြောတဲ့အချိန်မှာ မိခင်ဖြစ်သူက သူတို့တစ်နေ့လုံးကောက်လာတဲ့ ဗူးခွံ၊ ပလုလင်းခွံတွေကို သွားရောင်းတာ ထိုင်းငွေ ၄ ဘတ်ပဲရပါတယ်။


မိခင်က သားဖြစ်သူကကို အဲဒီပိုက်ဆံ ၄ ဘတ်ပေးလိုက်ပြီး စားစရာသွားဝယ်လို့ ပြောပါတယ်။ ကလေးက ငွေ ၄ ဘတ်နဲ့ ဘာမှဝယ်လို့ မရဖြစ်နေတဲ့ အခါကျမှ မိခင်ဖြစ်သူက −
သား ကျောင်းမတက်ချင်လို့ စာမသင်ချင်ရင် ကြီးလာတဲ့အခါ အခုလို နေပူစပ်ခါးမှာ ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး ရလာတဲ့ ပိုက်ဆံကလည်း ကိုယ်စားချင်တာတွေ ဝယ်မစားနိုင်ဖြစ်မယ်ဆိုတာ သိပြီလား” လို့ ရှင်းပြဆုံးမခဲ့ပါတယ်။


နောက်နေ့ကနေစပြီး ကလေးဟာ ကျောင်းသွားဖို့ မတိုက်တွန်းရတော့ပဲ ကျောင်းမှန်မှန်တက်ကြောင်း မိခင်ဖြစ်သူက သူတို့သားအမိရဲ့ အဖြစ်ပျက်ကို လူမှုကွန်ယက်မှာ တင်ခဲ့ရာ အားလုံးက မိခင်ဖြစ်သူကို ဝိုင်းဝန်းချီးကျူးကြပြီး ဒီသတင်းလေးဟာလည်း လူမှုကွန်ယက်မှာ အပျံ့နှံ့ဆုံးသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။


26 Jan 2018     1,517 Views




RELATED

Most Popular of Special or Others

Most Popular of NEWS