ထိုင်းအမြန်ရေယာဉ်ပေါက်ကွဲမှုကြောင့် တရုတ်ခရီးသည်(၅)ဦး ဒဏ်ရာ ပြင်းထန်
17 Jan 2018 1,359 Views
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အမြန်ရေယာဉ်(၁)စီးပေါက်ကွဲခဲ့တာကြောင့် ရေယာဉ်ပေါ်ပါလာတဲ့ တရုတ်နိုင်ငံသား ခရီးသည်(၅)ဦးဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။
ဇန်န၀ါရီလ (၁၄)ရက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ အန်ဒမန်ပင်လယ်က ဖီးဖီးကျွန်းနားမှာ တရုတ်နိုင်ငံသားခရီးသည်(၂၇)ဦးပါဝင် လာတဲ့ အမြန်ရေယာဉ်(၁)စီး ပေါက်ကွဲခဲ့ တာကြောင့် ရေယာဉ်ပေါ်ပါလာတဲ့ တရုတ်နိုင်ငံသား ခရီးသည်(၅)ဦး အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်ဆိုပြီး တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။ ဒဏ်ရာရသူ(၅)ဦးထဲက(၁)ဦးကို အရေးပေါ်ကုသရေး ဆောင်မှာ ကုသမှုပေးနေပြီး (၂)ဦးကမီးလောင်ဒဏ်ရာပြင်းပြင်ထန်ထန်ရခဲ့တဲ့အပြင် ကျန်(၂)ဦးဟာလည်း မီးလောင်ဒဏ်ရာ တွေသက်သာလာဖို့ အချိန်ကြာနိုင်တယ်လို့ ဆောင်ခလာခရိုင် မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကပြောပါတယ်။
ဒါပေမဲ့ အသက် အန္တရာယ်မစိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီး အသေးစားဒဏ်ရာရ ခဲ့တဲ့နောက်ထပ်ခရီးသည်(၆)ဦးကိုလည်း ဖူးခတ်ခရိုင်မှာရှိတဲ့ ဆေးရုံမှာ စစ်ဆေးမှုတွေပြုလုပ်နေတဲ့အပြင် ကျန်တဲ့ခရီးသည်(၁၆)ဦးကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဖူးကတ် ခရိုင်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးညွှန်ကြားရေးမှူးမာ ခွီးဟွမ်ကပြောပါတယ်။ ဒေသဆေးရုံတွေအနေနဲ့ ထိခိုက်ဒဏ်ရာရသူ တွေကို ကုသမှုပေးရာမှာ အပြည့်အ၀အားထုတ်သွားဖို့နဲ့ မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဖော်ထုတ်သွားဖို့ တရုတ်အမျိုးသား ခရီးသွားကြီးကြပ်ကွပ်ကွဲရေးဌာနက တိုက်တွန်းခဲ့ပါတယ်။