BEC-TERO TV

ရန်ကုန်စတော့အိတ်စ်ချိန်းမှ ရှယ်ယာကျပ် (၉၇) ဘီလီယံကျော် အရောင်းအ၀ယ်ရှိထား

22 Dec 2017     1,343 Views


ရန်ကုန်စတော့အိတ်စ်ချိန်း စတင်ဖွင့်လှစ်ချိန်ကစပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်အထိ ဘဏ္ဍာရေးနှစ် နှစ်ခုအတွင်း ကျပ်(၉၇)ဘီလီယံတန်ဖိုးရှိတဲ့ ရှယ်ယာ(၆)သန်းခွဲကျော် အရောင်းအ၀ယ်ရှိ ထားတယ်လို့ ရန်ကုန်စတော့အိတ်စ်ချိန်းက သိရပါတယ်။
ရန်ကုန်စတော့အိတ်စ်ချိန်းကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ် မတ်လ၂၅ ရက်နေ့မှာ အရာင်းအ၀ယ်စတင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိစာရင်းဝင် ကုမ်္ပဏီလေးခုကနေ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်မှာ မြန်မာကျပ်ငွေဘီလီယံ (၈၀)နီးပါး တန်ဖိုးရှိတဲ့ ရှယ်ယာပေါင်း (၃)သန်းခွဲ ကျော်အရောင်း အ၀ယ် ဖြစ်ခဲ့ပါတယ်။
 
 
အရောင်းအ၀ယ်စတင်ချိန်ကစပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလကုန်အထိ ရှယ်ယာစုစုပေါင်းရှယ်ယာ (၆)သန်းခွဲကျော် အရောင်းအ၀ယ်ဖြစ် ထားပါတယ်။ပြီးခဲ့တဲ့နှစ်မှာတော့ တစ်ရက်ကို ပျှမ်းမျှကျပ်သန်း (၁၀၀)နီးပါး တန်ဖိုးရှိတဲ့ ရှယ်ယာတွေ အရောင်းအ၀ယ်ဖြစ်ထားပြီး ၂၀၁၇ ဧပြီလ နောက်ပိုင်း အခုဘဏ္ဍာရေးနှစ်မှာတော့ တစ်ရက်ကို ကျပ်သန်း(၇၀) နီးပါးသာ ရှယ်ယာတွေ အရောင်းအ၀ယ် ဖြစ်ထားပါတယ်။လက်ရှိစာရင်းဝင် ကုမ္ပဏီ လေးခုလုံးဟာ ပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်အတွင်း ၀င်ရောက်ထားတာ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ နောက်ဆုံးအပတ်မှာ TMH ကုမ္ပဏီစတင်စာရင်း ၀င်ရောက်ပါက စတော့အိတ်စ်ချိန်းမှာ ကုမ္ပဏီငါးခုအထိရှိ လာပြီဖြစ်ပြီး ဧပြီလနောက်ပိုင်း ပထမဆုံး ၀င်ရောက်လာတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
 
 
အခုဒီဇင်ဘာနောက်ဆုံး အပတ်အတွင်း အွန်လိုင်းအရောင်းအ၀ယ် စတင်နိုင်အောင် လုပ်ဆောင်နေပြီး အဲ့ဒီနောက် အရောင်းအ၀ယ်ပေါ် မူတည်ပြီး အရောင်းအ၀ယ် ထပ်တိုးဖို့လုပ်ဆောင်မယ် လို့ သိရပါတယ်။ရန်ကုန်စတော့အိတ်စ်ချိန်းမှာတော့ ၂၀၁၆ ခုနှစ် မတ်လ ၂၅ရက်နေ့က FMI ကုမ်္ပဏီက ပထမဆုံး စာရင်းဝင် ကုမ္ပဏီအဖြစ်ရှယ်ယာ စတင်ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိမှာသီလ၀ါ အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB) နဲ့ ပထမပုဂ္ဂလိကဘဏ် (FPB) ကုမ္ပဏီတွေကစာရင်းဝင်ကုမ္ပဏီတွေအဖြစ်ရှယ်ယာတွေ ရောင်းချနေပါတယ်။
 

22 Dec 2017     1,343 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS