BEC-TERO TV

စိန့်ပီတာဇဘတ်မြို့တွင် ဗုံးခွဲရန်ကြံစည်သူများကို ဖမ်းမိရန် ရုရှားကို စီအိုင်အေကူညီ

20 Dec 2017     1,320 Views


ရုရှားနိုင်ငံ စိန့်ပီတာဇဘတ်မြို့မှာ ဗုံးခွဲဖို့ ကြံစည်နေသူနဲ့ အကြမ်းဖက်ကလာပ်စည်းတစ်ခုကို ဖမ်းမိဖို့ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေကို ကူညီခဲ့တယ်လို့ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေက အတည်ပြုပြောလိုက်ပါတယ်။စိန့်ပီတာဇဘတ်မြို့မှာ အကြမ်းဖက်ကလာပ်စည်းတစ်ခုကို ဖြိုခွင်းတဲ့ ရုရှားလုံခြုံရေးတပ်ဖွဲ့ (FSB) ကို အကူအညီပေးခဲ့တယ်လို့ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA ကပြောလိုက်ပါတယ်။
 
 
ဒါဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ၀ါရှင်တန်နဲ့ မော်စကိုတို့ကြား ရှားပါးတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်လာပါတယ်။ စိန့်ပီတာဇဘတ်မြို့ထဲက ခါဇန်စကီ ဘုရားကျောင်းနဲ့ မြို့တွင်းက တစ်ခြားနေရာတွေကို ဗုံးခွဲဖို့ ကြံစည်နေတဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ဖို့ သတင်းမျှဝေခဲ့တဲ့ CIA ကို ကျေးဇူးတင်ကြောင်းကို ရုရှားသမ်္မတ ပူတင်က အမေရိကန်သမ်္မတ ဒေါ်နယ်ထရမ့်ထံ ဖုန်းဆက်ပြောကြားခဲ့တယ်လို့ ကလင်မလင် နန်းတော်က ဒီဇင်ဘာလ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ဒီလိုကူညီခဲ့တာအတွက် CIA ညွှန်ကြားရေး မှူးကို ကျေးဇူးတင်သလို အမေရိကန်နိုင်ငံနဲ့ နိုင်ငံသားတွေကိုဦးတည်တဲ့အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို ရုရှားဘက်က သိလာ တာမျိုးရှိလာမယ်ဆိုရင်လည်း အမေရိကန်ဘက်ကို မဆိုင်းမတွ သတင်းမျှဝေသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
 
ရုရှားလုံခြုံရေးတပ်ဖွဲ့ဟာ စီအိုင်အေက ကူညီတဲ့ထောက်လှမ်းရေး သတင်းတွေကို အသုံးချပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ထောက်ခံသူလို့ ယူဆရသူ (၇)ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးမှုတွေအတွင်း ဖောက်ခွဲရေးပစ်္စည်းတွေနဲ့ လက်နက် တွေကို တွေ့ရှိခဲ့သလို အကြမ်းဖက်သမားလို့ ယူဆရသူတွေဟာ ဒါဂျက်စတန်နဲ့ တာဂျစ်ကစ်္စတန် နွယ်ဖွားတွေဖြစ်တယ်လို့ သတင်းတွေ မှာဖော်ပြနေပါတယ်။ အမေရိကန်အိမ်ဖြူတော်ကတော့ နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်မယ်ဆိုရင် ကောင်မွန်တဲ့ရလာဒ်တွေ ဖြစ်လာ နိုင်တယ်လို့ဆိုပြီး သမ်္မတပူတင်က သမ်္မတ ထရမ့်ကို ကျေးဇူးတင်ကြောင်း ဖုန်းဆက်ပြောဆိုပြီးနောက်ထုတ်ပြန်တဲ့ကြေညာချက် မှာပြောထား ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်မှုမတိုင်ခင်အထိ ၀ါရှင်တန်နဲ့မော်စကို အစိုးရတို့ကြားက ဆက်ဆံရေးဟာ ယူကရိန်းနဲ့ ဆီးရီးယားစစ်ပွဲအရေးတွေမှာ သဘောထားမတိုက်ဆိုင်မှုတွေ လွှမ်းမိုးထားခဲ့ပါတယ်။
 
 

20 Dec 2017     1,320 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS