BEC-TERO TV

တောင်ကိုရီးယားဒီဂျစ်တယ်ငွေကြေးပိုင်ဆိုင်သူများ၏ ဒီဂျစ်တယ်ငွေကြေးများ အခိုးခံရ

20 Dec 2017     1,315 Views


တောင်ကိုရီးယားနိုင်ငံမှာ ဒီဂျစ်တယ်ငွေကြေး Bitcoin အပါအ၀င် အခြားဒီဂျစ်တယ် ငွေကြေးတွေ ရေပန်းစားလူကြိုက်များလာမှု မြင့်တက်နေသလို Bitcoin ငွေကြေးတန်ဖိုးလည်း မြင့်တက်နေချိန်မှာပဲ အခုနှစ်အတွင်း အင်တာနက်အွန်လိုင်းကနေ ဒီဂျစ်တယ် ငွေကြေးတွေကို ခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အခုနှစ် ဧပြီလနဲ့ စက်တင်ဘာလအတွင်း ဒီဂျစ်တယ်ငွေကြေး ၂ မျိုးကို ပိုင်ဆိုင်သူ ထောင်ချီရဲ့ အကောင့်တွေထဲက ၀မ်ငွေ သန်း ၇ နှစ်ထောင်ကျော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ အင်တာနက်အွန်လိုင်းကနေ ဖောက်ထွင်းခိုးယူမှုတွေ ကြောင့်ဖြစ်ပါတယ်။ ဇွန်လတုန်းက တောင်ကိုရီးယားနိုင်ငံအတွင်းအများဆုံး အသုံးပြုနေတဲ့ ဒီဂျစ်တယ် ငွေကြေးကို အသုံးပြုသူ ၃၆၀၀၀ နီးပါးရဲ့ ပုဂ်္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြားမှုဖြစ်ပွားခဲ့ပါတယ်။
 
 
အာဏာပိုင်တွေဟာ အဲဒီအချိန်ကတည်းက အဲဒီဖြစ်ရပ်ရဲ့လက်သည်ကို ရှာဖွေနေတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရပ် ဦးတည်းစေတဲ့အွန်လိုင်း ဖောက်ထွင်းမှုတွေကို မြောက်ကိုရီးယားကနေလုပ်တာဖြစ်နိုင်တယ်လို့ ထောက်ပြနေတဲ့သက်သေတွေကို တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) က မကြာသေးခင်တုန်းကတွေ့ရှိထားပါတယ်။အွန်လိုင်းဖောက်ထွင်းမှုပြုလုပ်ချိန်မှာ သုံးခဲ့တဲ့ ကုဒ်အတုဟာ မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆခံထားရတဲ့ ဟတ်ကာအဖွဲ့ လာဇရက်စ် အဖွဲ့က သုံးတဲ့ ကုတ်နဲ့တူညီနေတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ လာဇရက်စ် အဖွဲ့ဟာ မြောက်ကိုရီးယား ထောက်လှမ်းရေးဗျူရို အဖွဲ့ကနေ ကြီးကြပ်နေတဲ့အဖွဲ့လို့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေက ယူဆထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
 
 
အဲဒီအဖွဲ့ ဟာ ၂၀၁၄ ခုနှစ်မှာ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ကို အွန်လိုင်းကနေ ချိုးဖောက် ၀င်ရောက်ခဲ့တဲ့အဖွဲ့လည်း ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။ NIS ဟာ တွေ့ရှိထားတဲ့ အွန်လိုင်း ချိုးဖောက်ဝင်ရောက်မှုတွေနဲ့ ဆိုင်တဲ့သက်သေတွေကို အစိုးရရှေ့နေတွေကို လွှဲပြောင်းပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေကြေးနဲ့ပတ်သက်ပြီး ပိတ်ဆို့ခံထားရ တာတွေကြောင့် မြောက်ကိုရီးယားဟာ ဒီဂျစ်တယ် ငွေကြေးတွေကို ဒီဂျစ်တယ်ငွေ ကြေးလှဲလှယ် ဈေးကွက်တွေ၊ တစ်ကိုယ်ရေသုံးကွန်ပြူတာတွေနဲ့ စမတ်ဖုန်းတွေကနေ ခိုးယူနေတယ်လို့ လေ့လာသုံးသပ် မှုတွေ ရှိနေတယ်ဆိုပြီး KBS သတင်းဌာနက သတင်းဖော်ပြပါတယ်။
 
 

20 Dec 2017     1,315 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS