BEC-TERO TV

ကယ်လီဖိုးနီးယားတွင် တောမီးလောင်မှုကြီးများဖြစ်ပွား

11 Dec 2017     1,417 Views


အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ တောမီးအကြီးအကျယ်လောင်မှု (၅)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။မီးလောင်မှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က လူသောင်းချီကို ရွှေ့ပြောင်းပေးခဲ့ရပြီး ရွှေ့ပြောင်းပေးခဲ့ရတဲ့သူတွေထဲမှာ ကယ်လီဖိုးနီးယားက လူချမ်းသာတွေနေထိုင်တဲ့ ဘဲလ်အဲရ်ရပ်ကွက်က ဒေသခံတွေလည်း ပါဝင်နေပါတယ်။ ဒီဇင်ဘာ(၆)ရက်ညပိုင်းမှာ တောမီးစလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်အလုံး(၁၅၀)လောက်ပျက်စီးခဲ့တဲ့အပြင် မီးလန့်ခဲ့တဲ့အိမ်လုံးရေ(၁၂၀၀၀)ကျော်ရှိတယ်လို့ ကယ်လီဖိုးနီးယားမီးသတ်ဌာနက ပြောပါတယ်။
 
 
လေတိုက်နှုန်းမြင့်နေတာကလည်း တောမီးလောင်တာကို ပိုအားကောင်းနေစေပြီး အဲဒီလေတိုက်နှုန်းကြောင့် မီးငြိမ်းသတ်ရာမှာ အခက်အခဲတွေ့နေတယ်လို့ မီးသတ်ဌာနရဲ့ခေါင်းဆောင်ဖြစ်သူ ကန်ပင်မ်လော့တ်က ပြောပါတယ်။မီးလောင်နေတာကြောင့် ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက အရေးပေါ်အခြေအနေကြေညာထားပြီး ပြည်ထောင်စုကယ်ဆယ်ရေးရန်ပုံငွေနဲ့ အရင်းအမြစ်တွေကိုသုံးပြီး မီးသတ်သမားတွေကကယ်ဆယ်ရေးလုပ်ခိုင်းနေပါတယ်။အခုတောမီးလောင်တာတွေဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အဆိုးဆုံးကြုံတွေ့နေရတဲ့တောမီးလောင်မှုတွေဖြစ်ပြီး ဧက(၁၅၀) ကျော်လောက်ကို အချိန်တိုအတွင်းပျံနှံ့သွားတာဖြစ်တယ်လို့ ကယ်လီဖိုးနီးယားအာဏာပိုင်တွေက ပြောပါတယ်။
 
 
 

11 Dec 2017     1,417 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS