ရုပ်ရှင်ဇာတ်ကား ၃ကား ဆက်ရိုက်သွားမယ့်ဆာတိုရီ ရဲ့ ရဲတိုက်အပေါ် အမြင်
24 Nov 2017 1,328 Views
ဆာတိုရီ ထုတ်လုပ်ရေး အနေနဲ့ ရဲတိုက်ကို အနုပညာ လှုပ်ရှားမှုတွေ လွတ်လပ်စွာ လှုပ်ရှားစေမှာဖြစ်ပြီး ကန့်သတ်မှုတွေ လုပ်သွားမှာ မဟုတ်ကြောင်း ပြောထားပါတယ် ။
“ပြင်ပတိုက်တွေနဲ့ ဇာတ်ကားတွေ ရိုက်တဲ့ အခါမှာ ကွာလတီကောင်းဖို့ အတွက် ဇာတ်လမ်းရွေးချယ်ပေးတာမျိုး ၊ ရွေးချယ်ပြီးမှ ခွင့်ပြုသွားတာမျိုးလောက်တော့ ရှိမှာပါ ။ ဆာတိုရီ ထုတ်လုပ်ရေး ကနေ ၃ကား ဆက်တိုက် ရိုက်သွားမှာ ဖြစ်ပြီး ဘယ်လို ဇာတ်လမ်း အမျိုးအစားကို အရင်ဆုံး ရိုက်ကူးမယ် ဆိုတာကိုတော့ မစဉ်းစားရသေးပါဘူး ။ ဒါရိုက်တာ ရီဇော် ကလည်း အမျိုးအစားတွေတော့ မပြောနိုင်သေးပါဘူး ။ တချို့ဟာတွေက ဘယ်ဟာကို အရင် ရိုက်ရမလဲဆိုတာ ချီတုံ ချတုံ ဖြစ်နေပါတယ် ။ နိုင်ငံရေး ဇာတ်လမ်းတော့ မဟုတ်ဘူး ။ ဖျော်ဖြေရေး ဘက်ကို သွားမယ်လို့ ဆုံးဖြတ်ထားတယ် ။ ရိုက်မယ့်ဇာတ်ကားတွေကလည်း ပင်ပန်း နွမ်းနယ် နေတဲ့ ပြည်သူလူထုကို ဖျော်ဖြေရာ ရောက်တဲ့ ဇာတ်လမ်းတွေပဲ ရိုက်ကူးသွားမှာပါ ။
ရဲတိုက်လည်း အသက်အရွယ်ရပါပြီ ။ Mature လည်း ဖြစ်ပါပြီ ။ သူကျူးလွန်တဲ့ ပြစ်မှုက လည်း ပမွှားပါ ။ ကံကြောင်းမလှလို့ ဖြစ်ရတယ်လို့ပဲ ယူဆပါတယ် ။ ကောင်းကောင်းမွန်မွန်နဲ့ သူ့အသက်အရွယ်နဲ့ သူ့ရင့်ကျက်မှုနဲ့ သူ့ အနုပညာ နဲ့ ကောင်းကောင်းမွန်မွန် ဖြတ်သန်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ သူ့ ပရိသတ်တွေကတော့ သူ့ကို ကြိုက်ခဲ့တဲ့ ဇာတ်လမ်းတွေနဲ့ ပြန်ပြီးတွေ့ဖို့ မကြာတော့ပါဘူး” ဆိုပြီး ပြောထားပါတယ်။
Credit:popular