ကိုယ့်ရဲ့ အရပ်ကြောင့် တခြားသူတွေကို စိတ်အနှောက်ယှက်မဖြစ်စေချင်ဘူးဆိုတဲ့ သန္တာဗို
23 Nov 2017 1,360 Views
မော်ဒယ် လောက မှာ အောင်မြင်သလို အများအားကျရတဲ့ Relationship ကိုပိုင်ဆိုင်ထားတဲ့ သန္တာဗို ဟာ အခုဆိုရင် သရုပ်ဆောင်လောက မှာလည်း နေရာတနေရာ ရနေသူလဲ ဖြစ်ပါတယ် ။ ကြက်ဖ ၊တိုင်ရွန် ၊ဆုမြတ်ဦး တို့နဲ့အတူ ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးနေတယ်လို့သိရပါတယ် ။ ဇာတ်လမ်းတွဲရိုက်ရာတွင် အရပ်ကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြထားပါတယ် ။
“ဇာတ်လမ်းတွဲ ရိုက်ကူးတာ ပထမဆုံးဖြစ်ပြီး ကိုကြက်ဖ နဲ့ တွဲ သရုပ်ဆောင်ရတာလဲ ပထမဆုံးပါ ။ဇာတ်လမ်းတွဲကိုတော့ ၂၀၁၈ လောက်မှ ပြဖြစ်မှာပါ ။ အပိုင်းက ၁၄ ပိုင်းရှိပါတယ် ။ ဇာတ်ကား ရိုက်ကူးနေရင်တော့ ဖိနပ် အပါးပဲစီးရပါတယ် ။ တကယ်ဆို ညီမလဲ တခြားလူတွေကို အားနာတယ် ။ ဒါကြောင့် ဖိနပ် အပါးလေးတွေပဲ ရွေးစီးဖြစ်တာပါ ။ တစ်ခါတလေ ပွဲဆိုရင်လည်း ကိုယ့်အရပ်ကြောင့် သူများကို စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး ။ တစ်ချို့ဆို ငါ့ အနားမလာနဲ့ …… ဆိုပြီ စကြတာတွေ ၊ ပြောကြတာတွေ ရှိတော့ တအား အားနာတယ် ။ တစ်ခါ တလေ ပွဲတွေ သွားရင် ဒေါက်တအားစီးချင်တာမျိုးရှိတယ် ။ အရပ် ရှည်တော့လည်း မော်ဒယ် အနေနဲ့ လာငှားကြတာများတယ် ။ ပိုသုံးကြတာပေါ့နော် ။
ရှိုးတွေ အများကြီး လျှောက်ဘူးပေမယ့် အခုချိန်ထိ ရှိုးမလျှောက် ခင် စိုးရိမ်စိတ်တွေ ရှိနေဆဲပါ ။ ရှိုးလျှောက်တဲ့ အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတာထက် ၊ ရှိုးမလျှောက်ခင် လက်တုန်ခြေတုန် အမြဲ ဖြစ်တယ် ။ အ၀တ်အစားပေါ်မှာ တအားစိုးရိမ်တယ် ။ခြေလဲမှာကို လည်း ပွဲတိုင်း စိုးရိမ်ရတယ် ။ Confident ရှိတဲ့ ပွဲဆိုတာ ရှားတယ် ။ တအား ကြိုးစားပြီး ယုံကြည်မှု ရှိရှိနဲ့ ပရိတ်သတ်တွေ ရှေ့မှာ လျှောက်ရတာပေါ့ ။ ရှိုးလျှောက်နေရင်း အ၀တ်က ခြေထောက်ကြားညပ်သွားတာတို့ ၊ ဘာတို့ ဆိုရင် လုံးဝ မျက်နှာ ပျက်သွားပြီ ။ဟန်ဆောင်ပြီး မနေတက်ဘူး ။ ဒါကြောင့်လည်း ကိုယ့်ကိုကိုယ် အများကြီး ကြိုးစားဖို့ လိုသေးတယ်လို့ ထင်တယ်” ဆိုပြီး ပြောထားပါတယ် ။
Credit:popular