BEC-TERO TV

ကိုယ်တိုင်လဲဥက္ကဋ္ဌလုပ်ခဲ့တော့လက်ရှိ ဥက္ကဋ္ဌ ကို ကိုယ်ချင်းစာတယ်ဆိုတဲ့ လူမင်း

17 Nov 2017     1,407 Views


မကြာခင်မှာ ပြုလုပ်တော့မယ့် ရှပ်ရှင်သင်း လုံးကျွတ် ညီလာခံကြီးနဲ့ ပတ်သတ်ပြီး သရုပ်ဆောင် လူမင်းက အခုလိုပဲ ပြောကြားထားပါတယ် ။

“ညီလာခံ လုပ်မယ်ဆိုတာကတော့ ကြိုဆိုပါတယ် ။ ဒါပေမယ့် ညီလာခံတစ်ခု အတွက်ပြင်ဆင်ရမှာတွေတော်တော်များပါတယ် ။ ဥက္ကဋ္ဌ အသစ်တစ်ယောက် အနေနဲ့ အိုင်ဒီယာ ရှိသလောက် လုပ်ပိုင်ခွင့်ရှိသလောက် ကိုယ့်လောက အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်တာတွေကို ကြိုဆိုတယ် ။ အားပေးတယ် ။ မလုပ်ခင်ထဲက အပြစ်ပြော ၊ ပြောဆိုဝေဖန်တာမျိုးတွေတော့ ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး ။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ လုပ်ခွင့်ရှိသလောက် လုပ်တာကို အားပေးပါတယ် ။

ကျွန်တော် အနေနဲ့ အဓိက ဆွေးနွေးချင်တာကတော့ ပရော်ဖက်ရှင်နယ် ပီပီ အလုပ်လုပ်ကြစေဖို့ ပြောချင်တာက စာချုပ်စာတန်း နဲ့ တိတိကျကျ လုပ်တာမျိုး ၊ စာချုပ်စာတန်းဆိုတာ ငွေရေးကြေးရေးတခုတည်းကိုပြောတာ မဟုတ်ပါဘူး ။ ရှုတင်မှာ တခုခုဖြစ်သွားရင်တောင်မှ လာအာမခံချက်မှ မရှိတာမျိုးတွေ ၊ တိတိကျကျ သရုပ်ဆောင်ဘက်က အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်တာမျိုးတွေ လုပ်မယ်ဆိုရင် အနုပညာလောက အတွက် ရေရှည်လည်း ကောင်းမယ် ။ ပရော်ဖက်ရှင် နယ်လည်း ပိုဆန်သွားမယ် ။ အဲ့ဒါမျိုးတွေ ကို ထည့်သွင်းဆွေးနွေးစေချင်တယ်။

ညီလာခံနဲ့ ပတ်သတ်ပြီ ဘာမှ မပြောချင်ပါဘူး ။ ကျွန်တော်တုန်းကလည်း ဝေဖန်တာတွေ တိုက်ခိုက်တာတွေ အများကြီး ကြုံခဲ့ ရတယ်ဆိုတော့ ကျွန်တော်ကတော့ ကိုယ်ချင်းစာတယ် ။ အလုပ်လုပ်တဲ့သူကို စိတ်အနှောက်အယှက်ဖြစ်အောင် ဝေဖန်တာမျိုးတွေ မပြောဘူးဆိုတာက သူ့နေရာမှာ ကိုယ်ချင်းစာလို့မပြောတာ ။ အဲ့ဒိလိုမျိုးပဲ လောကသားတွေ အားလုံးကိုလည်း ကိုယ်ချင်းစာ စေချင်တယ် ။

ညီလာခံ မလုပ်ဖြစ်တာ အနည်းဆုံး ၁၀ နှစ်မကတော့ဘူးလို့ထင်တယ် ။ အတိအကျတော့ မသိဘူး ။ ဒီလိုမျိုး ညီလာခံ မလုပ်ဖြစ်တာက မလွယ်ဘူး ။ လုပ်ဖို့လည်း အခက်အခဲတွေ ရှိအတွက် မလုပ်ဖြစ်တာပါ ။ အခု ဦးဇင်ဝိုင်း လုပ်မယ်ဆိုတော့ ကျွန်တော်ကတော့ အားပေးတယ် ။ ဒီလိုမျိုး အလုပ်လုပ်ချင်တဲ့သူ အလုပ်လုပ်တဲ့ သူကို စိတ်တွေ အနှောက်အယှက်ဖြစ်အောင် ပြစ်တင်ဝေဖန်ရှုတ်ချတာမျိုး လုပ်မှာမဟုတ်ပါဘူး ။

Credit:Democracy


17 Nov 2017     1,407 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment