ချစ်သူကအသက် ရွယ်တူပါပဲ လို့ပြောလိုက်တဲ့ သွန်းဆက်
15 Nov 2017 1,863 Views
သရုပ်ဆောင်ကောင်းပြီး ပရိသတ်အချစ်တော် သွန်းဆက် ရဲ့ အချစ်ရေးဟာ ပရိသတ်တွေ အထူးစိတ်ဝင်စားနေကြပါတယ်။ ထို အချစ်ရေးနဲ့ ပတ်သတ်ပြီး သွန်းဆက် က “ သွန်းဆက်မှာ ချစ်သူရှိပါတယ် ။ အသက်လဲ ရွယ်တူ အနုပညာရှင်ကို ချစ်ကြိုက်ထားတဲ့ အတွက်လည်း နားလည်မှု အပြည့်ရှိပါတယ် ။ ဘာပဲ လုပ်လုပ်စိတ်တူ ကိုယ်တူ ရှိကြတယ် ။ ဖေ့စ်ဘွတ် ပေါ် မျက်လုံးပဲ ကွယ်ပြီးတင်လိုက် တာနဲ့ ပတ်သတ်ပြီး သူ့ ရဲ့ ရုပ်အမှန်ကိုလည်း ဘယ်သူမှ မသိကြပါဘူး ။ လူတိုင်းက ရည်းစားရှိလား မရှိဘူးလား သိချင်နေကြတဲ့ အတွက် တင်လိုက်တာပါ ။
မျက်နှာကို ကွယ်ထားတယ် ဆိုတာကလည်း ရေရှည်အတွက် စဉ်းစားလို့ပါပဲ ။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာပါ ။ ဒါပေမယ့်လည်း ကံဆိုတာ ရှိနေတာကြောင့် ဖူးစာ ဆိုတာက ညားချင်မှ ညားတာလေ ။ သူ့ပုံတွေ အများကြီး ဟိုးလေး တကျော်ကျော်မတင်ပါဘူး ။ သူလည်း ကိုယ်နဲ့ မယူဖြစ်ရင်နောင်တချိန် အိမ်ထောင်ကျရင် အနှောင့်အယှက်ဖြစ်မှာ စိုးရိမ် လို့ပါပဲ ။ တကယ် ယူတော့မှပဲ သူ့ပုံတင်တော့မှာပါ ။ ပရိသတ်ကိုချပြဖို့က လိုပါသေးတယ် ။ နှစ်ယောက်စလုံး ကြိုးစားပြီး အခြေခိုင်အောင် ကြိုးစားနေပါတယ် ။
သူ့မိဘ ချမ်းသာတာ သွန်းဆက် မိဘ တွေ စားနိုင်သောက်နိုင်တာက ကိုယ်တွေ နှစ်ဦးနဲ့ မဆိုင်ပါဘူး ။ ကိုယ့်အစွမ်းအစနဲ့ ရပ်တည်နိုင်အောင် နှစ်ဦးစလုံးကြိုးစားနေပါတယ် ။ သွန်းဆက် ချစ်သူက ရုပ်မချောပါဘူး ညီမလို လုံးလုံးလေးပါပဲ သူ့ပုံစံက ယောက်င်္ကျားပီသတဲ့ ပုံစံမဟုတ်ပေမယ့် ချစ်စရာကောင်းပြီး လူတိုင်းနဲ့ သင့်မြတ်အောင် နေထိုင်တတ်ပြီး လူတိုင်းချစ်ခင်မှုကို ရရှိသူလို့ပြောရမှာပါ ။
ညီမ အသက် ၂၇ ရှိနေပါပြီ ၃၀ ကျော်ရင်တော့ အိမ်ထောင်ပြုမယ်လို့ စဉ်စားထားတယ်” လို့ ပြောထားပါတယ် ။
သွန်းဆက်ရဲ့ ချစ်သူဟာ အင်္ဂလန်တွင် ဘွဲ့ရရှိခဲ့ သူတစ်ဦးဖြစ်ပြီး ချမ်းသာတဲ့ မိသားစု ကဖြစ်ပြီး စီးပွားရေး လုပ်ငန်းကို ဦးဆောင်နေသူလဲ ဖြစ်ပါတယ် ။ ညီအကို မောင်နှမတွေက နှစ်ဦး ချစ်ကြိုက်နေကြတာကို သိပေမယ့် နှစ်ဖက်မိဘ တွေကိုတော့ အမှန်တကယ် ယူဖြစ်မှ အသိပေးတော့မယ်လို့ ပြောသွားခဲ့ပါတယ်။
Credit: Free 4 reader