အသက် ၃၂ နှစ် အရွယ်ကကလပ်လို့လဲမရသလို ကလေးလိုလဲဝတ်စားနေလို့မရဘူးဆိုတဲ့ အေးမြတ်သူ
15 Nov 2017 1,302 Views
ဆက်စီ မော်ဒယ် အနေနဲ့ နာမည်ကြီးခဲ့တဲ့ အေးမြတ်သူ ဟာ အခုနောက်ပိုင်းမှာ မြန်မာဝတ်စုံလေးတွေနဲ့ တမျိုးလှနေပြန်ပါတယ်။ အားပေးတဲ့ ပရိသတ်တွေကြောင့် မြန်မာဝတ်စုံတွေ ၀တ်ဖြစ်တာလည်းပါတယ် ။ အားပေးတဲ့ ပရိသတ် တွေက တဖြည်းဖြည်းရင့်ကျက်လာတဲ့ အချိန်မှာ ကိုယ်က မရင့်ကျက်လို့မရတော့ဘူး။ ပရိသတ်ကြောင့် ပိုပြီးတော့ ရင့်ကျက်လာ တယ် ။ အသက် ၃၂ အရွယ် မိန်းမက အရမ်းကြီး ကလက်လို့မရတော့ဘူး ။ လက်ရှိ ရှိနေတဲ့ အရွယ်ကို သိနေဖို့ လိုသလို အဲ့ဒါကို လက်ခံ ဖို့လည်းလိုတယ် ။၁၈ နှစ် ကလေးတစ်ယောက် လို ၀တ်စားနေလို့မရတော့ဘူး ပရိသတ်အမြင်မှာ ကန့်လန့်ဖြစ်နေလိမ့်မယ် ။
အေးမြတ်သူ က ဗိုက်ချပ်ချင်တယ် ။ ဗိုက်ကလေး ချပ်ပြီးတော့ တင်ပါးလေး လှနေတာမျိုးဆိုရင် အ၇မ်းကို ကြည့်ကောင်းတဲ့ အနေအထားတခုဖြစ်နေရောပဲ ။ အဲ့ဒိအတွက် အားတဲ့အချိန်မှာ တစ်နာရီလောက် အချိန်ပေးပြီးတော့ GYM ဆော့ဖြစ်တယ် ။ အစားအသောက်တော့မရှောင်ဘူး အဲ့ဒိအတွက် Six pack မရဘူး အစားလည်းအရမ်းကြိုက်တဲ့အတွက် မရှောင်နိုင်ဘုး ။
စိတ်ညစ်စရာတွေ ကြုံရတဲ့အခါ လည်း ဘ၀မှာ မအောင်မြင်ခဲ့တာတွေ လုပ်တိုင်းမဖြစ်တာတွေ ရှိတာပဲလေ အလုပ်မှာ ဖြစ်တာကို အလုပ်မှာပဲ ထားတယ် ။ အိမ်ကိစ္စ ကို အိမ်မှာပဲ ထားတယ် ။စိတ်ကို ရှင်းအောင်ထားတယ် မရတာကို မမှန်းတော့ဘူး ။ နောက်ထပ် အခွင့်အရေးကောင်း တခုကို ဘယ်လို ရနိုင်မလဲဆိုတာ စဉ်းစားတယ်” ဆိုပြီး သူမ ခံယူချက်တွေကို ပြောပြသွားခဲ့ ပါတယ်။
Credit:Democracy