အကောင်းမပြောတဲ့သူတွေကို မေတ္တာပဲပို့ပေးတော့မယ်ဆိုတဲ့ သွန်းဆက်
26 Oct 2017 1,346 Views
စိတ်ပင်ပန်းမွန်းကျပ်မှုများကြောင့် ဘုရားတရားလုပ်ရန် သီလရှင်ဝတ်ပြီး လူပြန်ထွက်လာချိန် ပရိသတ် အများစုရဲ့ဝေဖန်ခြင်းကို ခံခဲ့ရပါတယ် ။ “သီလရှင်ဝတ်ပြီး လူပြန်ထွက်ခဲ့ အချိန်မှာ အေးချမ်းမှုကိုခံစားရတယ် ။ တချို့တွေကတော့ ကတုံးမဆိုပြီး ပြောကြတာတွေရှိတယ် ။ ပထမတော့ စိတ်ထဲ နည်းနည်း ကသိကအောက်ဖြစ်တယ် ။ နောက်ပိုင်းကျတော့ လူတိုင်းမလုပ်နိုင်တဲ့ အရာကို လုပ်နိုင်ခဲ့တဲ့ အတွက် ပီတိတော့ဖြစ်တယ် ။သူတို့ ပြောတာကို အာရုံစိုက်နေလို့ မရဘူးလေ ။လူပြန်ထွက်လာတော့ရာသီဥတူလဲ ပူတော့ ပေါ့ပေါ့ပါးပါးတော့ ဖြစ်တာပေါ့ ။
ချစ်တဲ့ သူတွေရှိသလို မုန်းတဲ့ သူတွေလည်း ရှိတာပေါ့ ။ မချစ်တဲ့ သူတွေအတွက် သွန်းဆက်က ယဉ်ယဉ်ကျေးကျေးပဲ နေနေ ပြောနေတဲ့ သူတွေ ရှိအုံးမှာပါ ။ ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့ သူတွေလည်း ရှိပါတယ် ။ အရင်တုန်းကတော့ အရမ်းခံစားရတယ်။ မန့်တွေကို ကြည့်ပြီးတော့ ဝေဒနာ တွေခံစားရတယ် ။ အခုနောက်ပိုင်းတော့ အေးဆေးဖြစ်သွားတယ် ။ စိတ်ထဲမှာလည်း သူတို့က ငါ့ကို သဘောမကျလို့ ပြောတာ ငါ့ကို ချစ်တဲ့သူတွေအတွက် ဒီထက်ပိုပြီး ချစ်လာအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ပဲနေတယ် ။အကောင်းမပြောတဲ့ သူတွေကိုတော့ မေတ္တာပဲ ပို့ပေးတော့တယ် ။အရင်တုန်းကလို ပြောမပြောတော့ဘူး” ဆိုပြိး ပြောသွားခဲ့ပါတယ်။
credit:democracy