ရိုးလွန်းတဲ့ တိုင်းရင်းသူတွေကို ကိုယ်တိုင် ထဘီဝတ်ပြီး သင်ပြခဲ့ရတဲ့ ဝေဠုကျော်
24 Oct 2017 1,544 Views
ပရဟိတ မင်းသားကြီး ဝေဠုကျော်က ရခိုင်ပြည်နယ်တွင် တစ်ရွာဝင်တစ်ရွာထွက် စိတ်ဓာတ် အင်အားတွေလည်း တည်ဆောက်ပေး နေရင်း ကူညီမှုတွေ လုပ်နေခဲ့တာ လ အနည်းငယ် ကြာနေပြီလဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကူညီရေးတွေ လုပ်နေရင်းအောက်တိုဘာလ ၂၃ ရက် နေ့မှာ မြိုတိုင်းရင်းသူ အဖွားများနှင့် တွေ့ဆုံခဲ့ပါတယ်။ ရိုးသားလွန်းတဲ့ သူတို့အတွက် အင်္ကျီ၊ လုံချည်များ ပေးရုံတင်မကပဲ ဝတ်နည်းများကိုပါ သင်ပြခဲ့တယ်လို့လဲ သိရပါတယ် ။ အဖွားတွေကို သင်ပြပေးနေတဲ့ ပုံတွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ ခဲ့ ပြီး ကြည်နူးစရာမြင်ကွင်းတစ်ခု ဖြစ်ခဲ့ ပါတယ်။
“မောင်တောမြောက်ပိုင်း၊ထရိန် ကျေးရွာ ရှိ မြိုတိုင်းရင်းသားများအား အဝတ်အစားများ ထောက်ပံ့ပေးရင်း ပျော်ပျော်ပါးပါး ကိုယ်တိုင်လဲ ဝတ်ပြကြ။” ဆိုပြီး သူ့ရဲ့ အကောင့်မှာလဲ ရေးတင်ထားတာကိုလည်း တွေ့ရပါတယ်။