လမင်းခပုံစံနဲ့ပဲ ရပ်တည်ချင်တယ်ဆိုတဲ့ အငဲသမီး
19 Oct 2017 1,434 Views
Iron Cross အဖွဲ့ရဲ့ ရော့်ကာကြီး ဖြစ်တဲ့ အငဲ ရဲ့ သမီးကြီး ဖြစ်တဲ့ လမင်းခ ဟာ သူမရဲ့ တစ်ကိုယ်တော် အခွေ ကူးကူ ကိုလဲ ထွက်ရှိထားပါတယ် ။ အဖေ ဖြစ်တဲ့ အငဲကိုယ်တိုင် သီချင်း ၆ပုဒ်ရေးပေးထားတယ်လို့ သိရပါတယ် ။ လမင်းခ အနေနဲ့ အဆိုတော် အငဲ သမီးဆိုတာထက် လမင်းခ အနေနဲ့ ပရိတ်သတ် ပို သတိထားမိစေချင်တယ်လို့ ပြောထားပါတယ်။
“ အဖေကို ချစ်တဲ့ စိတ်နဲ့ သမီးကို ချစ်ပေးကြတာ ၀မ်းသာပါတယ် ။ အနုပညာလောက မှာတော့ အငဲ သမီးဆိုတာထက် လမင်းခ အနေနဲ့ ရပ်တည်ချင်တဲ့ အတွက် အများကြီး ကြိုးစားနေပါတယ် ။ ရော့ခ် ကို အရမ်းကြိုက်ပေမယ့် ညီမ အသံနဲ့ သိပ်မလိုက်ဖတ်တဲ့ ပုံစံလေးတွေ ရှိတယ် ။ ညီမ အသံနဲ့က သီချင်း ချိုချိုလေးတွေ ပို လိုက်ဖက်တာဆိုတော့ အခွေထဲမှာတော့ မျှတစွာ ထည့်သွင်းထားပါတယ် ။ စိတ်ထဲကလည်း ရော့ခ် ပို ပဲ ကြိုက်တော့ ကြိုးစားဆိုမယ်လို့လည်း ပြင်ဆင်ထားပါတယ် ။”
အငဲ ကလည်း “ သမီးကို သီးသန့်ကြီးတော့ မပြောဖြစ်ဘူး သွားရင်းလာရင်းလိုတာလေးတွေ ပြောဖြစ်တယ် ။ အခွေအတွက်တော့ သီချင်းတွေ နှစ်ယောက်အတူ ရွေးဖြစ်တယ် ။ ညှိပြီးတော့ အဆင်ပြေမယ့် ပုံလေးတွေ ထည့်ထားတယ် ။ ရေးတဲ့ အခါကြတော့လဲ ရေးရင်းနဲ့ အခွေတစ်ခြမ်းလောက် ကိုယ်တိုင်ရေး ဖြစ်သွားတယ် ။ တစ်ပုဒ်လဲ တွဲဆိုထားပါသေးတယ် ။ သင်္ကြန် မှာ အဖွဲ့မှာ စဆိုတုန်းက သမီးက နုသေးတော့ သိပ်မကြိုက်ကြဘူး ။ နောက်ပိုင်း တဖြည်းဖြည်းပိုကောင်းလာတယ် ။ သူပိုကောင်းလာတာကို သဘောကျတယ် ။ သမီး အခွေလေးကိုလည်း တစ်ခါလောက် ဖြစ်ဖြစ် တော့ နားထောင်ကြည့်စေချင်ပါတယ် ။ နားထောင်ပြီး မကြိုက်တော့လည်း ဆက်နားမထောင်ပါနဲ့ ပေါ့ ။ တစ်ခေါက်လောက် ဖြစ်ဖြစ်တော့ နားထောင် ကြည့်စေချင်တယ်” ဆိုပြီး အဖေ ဖြစ်တဲ့ အငဲ ကလည်း သမီး အခွေ နဲ့ ပတ်သတ်ပြီး ပြောထားပါတယ် ။
Credit:popular