သမီးလေးကို ထိခိုက်စေမယ့် ကာရိုက်တာမျိုးတွေကို မရိုက်ဘူးဆိုတဲ့ မေကဗျာ
19 Oct 2017 1,525 Views
ဇာတ်ကားတွေ ပြန်ရိုက်လာတဲ့ မေကဗျာ ဟာ ဇာတ်လမ်းတွေကိုလဲ ရွေးပြီး ရိုက်ကူးတယ်လို့သိရပါတယ် ။ ဇာတ်ကားတွေကို ရွေးချယ်တယ်ဆိုတာက အဓိက အကျဆုံးကတော့ ကဗျာ့ အသက်အရွယ်နဲ့ လိုက်ဖက်ပြီး လုပ်လို့ အဆင်ပြေမယ့် ဇာတ်လမ်းလေးတွေကိုပဲ ရွေးချယ်တာပါ ။ သမီးလေး ရှိနေတဲ့ အတွက် လက်ခံရိုက်ကူးလိုက်တဲ့ ဇာတ်က ကလေးကိုထိခိုက်စေမယ့်ဟာ မျိုးတွေ ဆိုရင် ကဗျာ မရိုက်ဘူး ။ နောက် အ၀တ်အစားဝတ်တာက အစ အသက်အရွယ်နည်းနည်းရလာတဲ့ အခါ တည်တည်ငြိမ်ငြိမ် ပဲ ၀တ်ချင်တော့တယ် ။ ကဗျာ့ကို ပရိတ်သတ်တွေက ရိုးရိုးယဉ်ယဉ် ပုံစံမျိုးတွေကို ကြိုက်တယ် ။ သဘာဝ ကျတဲ့ ဇာတ်ရုပ်မျိုးတွေကို ကြိုက်ကြတယ်ဆိုတဲ့ အဲ့ဒိလို ဇာတ်ရုပ်မျိုးတွေကို လက်ခံရိုက်ကူးဖြစ်ပါတယ် ။
စီးပွားရေး လုပ်တာကလဲ သူငယ်ချင်းနဲ့ တွဲပြီးတော့ လုပ်တော့ သူငယ်ချင်းကပဲ ဦးစီးပြီးလုပ်တော့ ကဗျာ က သိပ်လုပ်စရာမလိုဘူး ။ အိမ်မှာ ပန်းထိုးလုပ်ငန်း လုပ်ပေမယ့် မေမေက ဦးစီးပေးတော့ အနုပညာအလုပ်တွေကို သေချာလုပ်ဖြစ်နေတယ် ။ အားတဲ့ ရက်တွေတော့ မေမေနဲ့ သူငယ်ချင်းကို ကူပြီး ဈေးရောင်းပေးဖြစ်ပါတယ် ။
စီးပွားရေးလုပ်နေပေမယ့် အနုပညာအလုပ်တွေကိုတော့ ပရိတ်သတ် အားပေးနေတဲ့ အချိန်ထိလုပ်နေမှာပါ ။ သမီးလေးလဲ ရှိနေတဲ့ အတွက် မျှပြီးတော့ လုပ်နေမှာပါ ။သမီးကလည်း အနုပညာ ၀ါသနာပါတယ် ။ သရုပ်ဆောင်တာတို့ သီချင်းဆိုတာတို့ကို ၀ါသနာပါတာ မဟုတ်ဘဲ ဒီဇိုင်းဆွဲတာတို့ ဖက်ရှင် နဲ့ ပတ်သက်တဲ့ အပိုင်းကို ပိုပြီးတော့ စိတ်ဝင်စားတယ် ။ ဆိုင်က ပိုးထိုး အထည်တွေကိုလည်း သမီးပဲ ဒီဇိုင်းဆွဲတာ များတယ် ။
မတင်မိုးလွင် ဆီမှာလည်း Presenter သက်တန်းလဲ တက်သေးတယ် ။ သူက ဘယ်နေရာဖြစ်ဖြစ်ထူးချွန်တယ် ။အဓိကကတော့ ကဗျာ့ အမေကြောင့်ပါ ။ အမေက guide line လုပ်ပေးတယ် ။အခုဆို သမီးလဲက အိမ်မှာ အရမ်းအားကိုး ရတဲ့ သူဖြစ်နေပြီ ။ သူအမေရိက သွားမယ့် ရက်တွေဆို အိမ်မှာ သူမရှိလို့ ဒီဇိုင်းသမားနည်းနည်းရှာ ရတယ် ။ ဘယ်နေရာမဆို အားကိုးနေရပြီး လူကြီးတစ်ယောက်လို စဉ်းစဉ်းစားစား တွေးခေါ်ပြီး လုပ်တတ်တယ် ။ သူက တနေ့ ဒီဇိုင်းတစ်ပုံဆွဲရင် တစ်ပုံကို ၁၅၀၀၀ ၊ ၂၀၀၀၀ ရတယ် ။
အိမ်မှာ တစ်နေ့ ၅ပုံထိုင်ဆွဲရင်တောင် တစ်ရက်ကို တစ်သိန်းကျော်လောက်ရမှာ ၊ သူ့ အတတ်ပညာလေးနဲ့ သူရပ်တည်လို့ ရတယ် ။ခုလည်း သူသွားမယ့် တစ်လကို တော်တော်ပြာယာခတ်နေရတယ် ။ ပွဲတွေဘာတွေရှိရင် ချိတ်ဒီဇိုင်းတွေ ဘယ်လိုလေးလုပ်ပေး စဉ်းစားပေးဆိုရင် သူ့ဘာသာ သူစဉ်းစားပြိးဆွဲတတ်တော့ အသစ်အဆန်း လေးတွေဖြစ်ပြီး ကလေးဆန်ဆန် ချစ်စရာ လေးတွေ ဖြစ်နေတယ် ။ သူ့ အသိစိတ်လေးနဲ့ ပညာရေးမှာလည်း ထူးချွန်တယ် ။ ဘုရားစာတွေလဲ အကုန်ရတယ် ။ အိမ်မှာ ဘာဟင်း ဖြစ်ဖြစ် သူချက်တတ်တယ် ။ ဒီလို လိမ္မာတဲ့သမီးလေး လူကြီးမိဘ လည်းသိတတ် ဘာသာရေးလည်း သိတတ်တဲ့ သမီးလေးကို ကျေးဇူးအများကြီးတင်ပါတယ် ဒီထက်လည်း အများကြီးလိမ်မာပါလို့ပြောချင်ပါတယ်” ဆိုပြီး သမီးလေးအကြောင်းကိုပြောပြထားပါတယ် ။
Credit:democracy