ကျန်းမာရေးမကောင်းလို့ ပရိတ်သတ်တွေနဲ့ အနေဝေးနေ၇တယ် ဆိုတဲ့ ကော်နီ
17 Oct 2017 1,378 Views
အနုပညာလှုပ်ရှားမှုတွေ ကနေ ငြိမ်နေတဲ့ အဆိုတော်ကော်နီ တစ်ယောက် ကျန်းမာရေးမကောင်းလို့ ပရိတ်သတ်တွေနဲ့ ဝေးနေတာပါဆိုပြီး ပြောထားပါတယ် ။
“ အနုပညာလက်ရာတွေ ဘာကြောင့်မချပြဖြစ်လဲဆိုတာ ပြောရရင်တော့ အရှည်ကြီးပါပဲ ။ဒီနှစ်အတွင်းမှာ အခွေထွက်နိုင်အောင် အမြန်လုပ်နေတာပါ ဒါပေမယ့် မိုးရာသီ သီချင်းဆိုရတဲ့အချိန်မှာ မကော် အမေရိက ကို သွားလိုက်ရတယ် ။နည်းနည်းကြာသွားပြီး ၆ လလောက်ကြာမှ ပြန်လာတဲ့အခါ တီဝိုင်းကလဲ ရှိုးပွဲတွေအတွက် ခရီးထွက်သွားပြီ ။ သူတို့ကလည်း ကျန်တဲ့ အတီးတွေ မပြီး ၊ မကော်ကလည်းဆိုဖို့ မအားနဲ့ တစ်နှစ်ပြီး တစ်နှစ် အောက်သွားတယ် ။ မကော်တို့မိသားစုမှာလဲ မိသားစု case လေးတွေ ဖြစ်တယ် ။ အဲ့ဒိထဲက မကော် စိတ်ဓာတ်တွေကျပြီး အခွေကိုပစ်ထားတာပေါ့နော် ။ ဒီနှစ် ပြန်ဆိုမယ်ဆိုပြီး စဉ်းစားပေမယ့် တစ်ခါမှ မဆိုဖြစ်သေးဘူး ။ ပြီးတော့ မကော်ရဲ့ အသက် ၅၀ ပြည့် ရှိုးလုပ်ဖို့ပြင်ဆင်ထားတာလည်း သိပ်ပြီး အားမစိုက်နိုင်ဘူး ။ မကော် ရဲ့ ကျန်းမာရေးကြောင့်ရယ် ၊ မိသားစု အရေးလည်း ပါပါတယ်။
အခု မကော်ဘာတွေလုပ်နေလဲ ဆိုတော့ ပစ်ထားတဲ့ ကြောင်တွေ ၊ ခွေးတွေကို မွေးထားတယ် ။ အဲ့ဒိထဲကကို မထွက်နိုင်ဘူး ။ နောက်ပြီး ၇၃ နှစ်ရှိနေပြီ ဖြစ်တဲ့ အမေကြီး ကို စောင့်ရှောက်ရတယ် ကိုယ့် ရဲ့ အနုပညာအလုပ်ကို မလုပ်နိုင်ဘူး ဖြစ်နေတယ် ။
အသက် ၅၀ အရွယ်လဲ ရောက်လာပြီဆိုတော့ ကျန်းမာရေးလည်း အားနည်းလာပြီး အိမ်မပျော်တဲ့ ခေါင်းနဲ့ ပတ်သက်တဲ့ ရောဂါရှိနေတော့ မအိပ်ဖြစ်ဘူး ။ နေ့နဲ့ ညနဲ့ မှားနေတယ် ။ နေ့နဲ့ ညနဲ့ မှားတဲ့ ရောဂါကလည်း လည်ပင်းကို နည်းနည်းထိလာတယ် ။ အခု ဆရာဝန်နဲ့ ပြနေပြီး ခေါင်းကို CTC Scan ရိုက်ရမှာ သွားမရိုက်ဖြစ်ဘူး ။ ဆရာဝန်နဲ့ Date ပြန်ယူရအုံးမယ် ။
မကော်ကို အားပေးနေတဲ့ ပရိတ်သတ်ကြီးကို မကော် သွားတော့သွားနေပါတယ် ။ ရှိုးပွဲတွေလည်းတောက်လျှောက်ဆိုဖြစ်တယ် ။ မကော်တို့ အရွယ်နဲ့ ဆိုင်တဲ့ ရှိုးပွဲတွေကို တော်တော်များများသွားဖြစ်ပါတယ် ။ အသက် ၅၀ ပြည့် ရှိုလေးကိုတော့ လက်လျှော့လိုက်ပါပြီ စိတ်လျှော့လိုက်ပါပြီ မကော်တစ်ယောက်ထဲအားနဲ့ မလုပ်နိုင်ဘူး ကျန်းမာရေး မကောင်းတာကြောင့်လဲ အဲ့ဒိဘက်ကို အာရုံလဲမစိုက်နိုင်လို့ပါ” ဆိုပြီး ပြောသွားခဲ့ပါတယ် ။
credit:oasis