BEC-TERO TV

ရွှေအိမ်စည်ဟာ ဗိုလ်ကျခံလိုက်ရတာပါဆိုတဲ့ ကိုအေးနေဝင်း

09 Oct 2017     1,393 Views


Miss Grand Myanmar နဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုဂယက်တွေ ရှိနေတဲ့အပေါ် အေးနေဝင်းက “ရွှေအိမ်စည်ခရီးသွားနေတဲ့အချိန်မှာ - အစ်ကိုဆီကို ဒေါ်စိုးယုဝေရဲ့ အမျိုးသားဗိုလ်ကြီးတင်မောင် အေးဖုန်းဆက်တယ်။ ကိုအေးနေဝင်းအားမလားတဲ့။ အားရင်တင်ပြစရာလေးရှိလို့တဲ့ အရေးကြီးတဲ့ကိစ္စလေး ဆွေးနွေးတိုင်ပင်ချင်လို့ဆိုတော့ ဒီမတိုင်ခင်ကလည်း ရွှေအိမ်စည်က၊ ရခိုင်မှာဖြစ်ပျက်နေတဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး Vedio လေးတစ်ခု ရိုက်ထားတယ်။ ရိုက်ထားတော့ အစ်ကိုစိတ်ထဲမှာထင်တာက ဒီကိစ္စ နဲ့ပတ်သက်ပြီးတော့ သူ့ဘက်ကပံ့ပိုးမှုတစ်ခုခုပေးမယ်၊ ဒါမှမဟုတ်လည်း ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ပရဟိတသွားဖို့ကိစ္စမျိုး ဒါမျိုးများလုပ်မလားဆိုပြီး ဝမ်းသာအားရနဲလက်ခံပြီးတွေ့လိုက်ပါတယ်။


ကျွန်တော်တို့လည်း တပ်ထဲလုပ်ခဲ့တဲ့ သူတစ်ယောက်ပါပဲတဲ့။ ကိုအေးနေဝင်းတို့မိသားစု၊ ကိုအေးနေဝင်း အပေါ်မှာလည်း အင်မတန်ကြည်ညို လေးစားပါတယ်တဲ့။ အဲဒါကြောင့် ကျွန်တော်ဒီကိစ္စလေးကို အရင်ပြောချင်လိုပါတဲ့ ရွှေအိမ်စည်ကိုတော့ အရေးယူရပါတော့မယ်တဲ့။


အဲဒီလိုအရေးယူခြင်းသည် ရွှေအိမ်စည်ကို အရေးယူခြင်းသာဖြစ်တယ်။ ကိုအေးနေဝင်းအပေါ်မှာ ပမာမခန့်လုပ်တာမဟုတ်ဘူးဆိုတာကို ကြိုတင်ပြီး တော့တင်ပြတာဖြစ်ပါတယ်ဆိုတာပြောတယ်။ ဒေါ်စိုးယုဝေကလည်း ကျွန်မတို့အနေနဲ့ကလည်း ဒီတိုင်းဆို သူ့ကိုဘာမှ စဉ်းစားစရာအကြောင်းမရှိပါဘူးတဲ့။ ပစ်ထားလိုက်မှာပဲတဲ့။ ဒါပေမဲ့ ကိုအေးရဲ့မျက်နှာကို ထောက်ထားတဲ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြန်စီစဉ်ကြတော့ပေါ့တဲ့။


သူ့ကို ဖယ်ရှားဖို့အတွက်ကလည်း အများကြီး ဝိုင်းပြောနေကြတာတွေရှိတယ်။ ဖိအားပေးတာတွေလည်းရှိတယ်။ သူ့ရဲ့လုပ်ရပ်တွေကလည်း မဖယ်လို့မိုလိုတဲ့။ ညှိနှိုင်းပေးမယ်ဆိုရင် ပြန်ပြီးစဉ်းစားနိုင်ပါတယ်ဆိုတော့ ဘာတွေ များ ဖိအားပေးတာရှိလဲလို့ စဉ်းစားတယ်။ ပရိသတ်တွေကလည်း တစ်ခဲနက် အားပေးကြတယ်။ ဘယ်သူကမှလည်းသူ ကို ပယ်ဖျက်ဖို့ပြောနေတာလည်းမရှိဘဲနဲ့ ဖိအားပေးတော့တွေမရှိဘဲနဲ့ ခေါင်းထဲမှာပေါ်လာတာသူတို့ ဖိအားပေးတာကို ပြန်ကုစားပြီးတော့ အစ်ကိုဖက်က ပြန်ပံ့ပိုးပေးရမယ်ဆိုတော့ ဒါတစ်ခုခုများ လိုချင်လိုလားပေါ့။ တစ်ယောက်ယောက်ကများ သူ့ကို မက်လောက်အောင်ပေးထားလို့ အဲဒီပေးထားတာနဲ့ ကိုယ်ပြန်ပေးနိုင်ရင်ကို Crown မသိမ်းပဲ ဆက်သုံးပါမယ်ဆိုတာမျိုး တိုက်ရိုက်မပြောပေမယ့် အဲဒီလို အဓိပ္ပာယ်မျိုးနဲပြောလာတော့ ကဲဟုတ်ပြီလို့၊ သိမ်းမယ်ဆို ဘာတွေနဲ့ သိမ်းကြမှာလဲ။ ဘယ်လိုဖြစ်တာလဲ၊ ဒါရိုက်တာတစ်ယောက်ဆိုရင်လည်း နေရှင်နယ်ဒါရိုက်တာတစ်ယောက်အနေနဲ့ ညီအောင် လုပ်ဆိုတော့ မဟုတ်ပါဘူးတဲ့။

Miss တစ်ယောက်ကလည်း Miss တစ်ယောက်ဂုဏ်သိက္ခာနဲ့ မညီဘူးပြောတော့ ဘာတွေမညီညွတ်တာလဲ ပြောနိုင်လာထားဆိုတော့ ကျွန်မတို့ Organization ကို ဆဲတယ်တဲ့။ ဆဲတယ်ဆိုတော့ သူကဆဲတတ်တဲ့လူတစ်ယောက်မဟုတ်ဘူး။ ဒါပေမဲ့ ယဉ်ကျေးသိမ်မွေးမှုနဲ့ ထိုက်တန်တဲ့သူဆို၊ ယဉ်ယဉ်ကျေးကျေးပြောမှာပဲ။ လူတွေနဲ့ဆက်ဆံတဲ့နေရာမှာ ကိုယ်နဲ့ထိုက်တန်တဲ့ စကားကိုဆိုကြရတာပဲလို့။ ဒါဦးလေးတို့လင်မယားလုပ်တာနဲ့စာရင် အခုဆဲတာထက်ကို ပိုပြီးကြမ်းတမ်း ယုတ်ညံ့တဲ့စကားလုံးတွေနဲ့တောင် ထိုက်တန်တဲ့အဆင့်အတန်းကို ရောက်နေပြီလို့ ဒါ ရွှေအိမ်စည်က မပြောတတ်လို့မပြောတာလိုဆိုတဲ့ပုံစံမျိုးကို အစ်ကိုကပြောပေးခဲ့တာ ကြေညာချက်ထွက် လာတယ်ဆို တဲ့အချိန်မှာလည်း တောင်စဉ်ရေမရ အစ်ကိုကိုပြောခဲ့တဲ့ဟာလေးတွေကိုပဲ စကားနဲ့ ပြောရာကနေ စာလုံးတွေဖြစ်သွားအောင် သူတို့ကထည့်ရေးပြီးတော့ ဒီကြေညာချက်ကို ထုတ်လိုက်တဲ့သဘောပါပဲ။


အရင်ကတည်းက သူတို့စီစဉ်ပြီးလုပ်လေ။ ဘာဖြစ်လိုနောက်ဆုံး သူတို့နဲ့ပေးစရာလည်းမရှိဘူး။ ညှိစရာ လည်းမရှိဘူး။ လုပ်စရာလည်းမရှိဘူးဆိုတဲ့ပုံစံမျိုး အခြေအနေတစ်ခုတည်ဆောက်နေတာပေါ့။ သေချာတဲ့ အချိန်ကျတော့မှပဲ သူတို့ဆုံးဖြတ်လိုက်တဲ့ပုံမျိုးမဟုတ်ရင်တော့ တောင်သွားမလား၊ မြောက်သွားမလားဆို တာကို လမ်းနှစ်ခွမှာပဲထိုင်စောင့်နေတာ ဘယ်ဘက်ကပိုများမလဲလို့ပေါ့နော်။ သူတို့ကပေးထားတဲ့ဆုကို ပြန်ရုတ်သိမ်းမယ်လို့ပြောတဲ့အခါမှာ ဘာအပြစ်ရှိလို ̧ ရုတ်သိမ်းတာလဲဆိုတာကို မေးတဲ့အခါမှာ သူတို့ဖက်က တိကျပြတ်သားတဲ့အဖြေကို ဖြေနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါတွေအကုန်လုံးရဲ့ဇစ်မြစ်ကို ကြည့် လိုက်မယ်ဆိုရင် သူသည်ကိုယ်တိုင်းပြည်ကိုယ်လူမျိုးအတွက် ပြောသင့်ပြောထိုက်သောစကားကို သူတတ်ကျွမ်းတဲ့ဘာသာစကားနဲ့ ကမ္ဘာကိုပြောရာကနေစဖြစ်တာ ဒါကအစ်ကိုတို့ယုံကြည်ကိုင်စွဲထား တဲ့မူဝါဒနဲ့ တစ်ထပ်တည်းကျတယ်။ အဲဒီတော့ ဒီလိုကလေးမျိုးအပေါ်မှာ အပြစ်ရှိလို့အရေးယူတာ မျိုးမဟုတ်ပဲနဲ့ အမှန်တရားကိုပြောလို့ အရေးယူတာချနင်းမယ်ဆိုတဲ့ အနေအထားမျိုးကို လက်သင့် မခံနိုင်လို့ပြောတာပါ။ Organization အနေနဲ့မှမဟုတ်ပါဘူး။ တစ်ခြားတစ်ခြားသော အဖွဲ့အစည်းတွေ အပြင်လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းစီပဲဖြစ်ဖြစ် - မိမိလုပ်တဲ့လုပ်ရပ်သည် ကိုယ့်တိုင်းပြည်ကိုယ့် လူမျိုး ကိုယ့်အမျိုးဘာသာအတွက်ကို အထောက်အပံ့ဖြစ်တဲ့အလုပ်မျိုးတွေမဟုတ်ပဲနဲ့ သစ္စာဖောက် တဲ့အလုပ်မျိုးတွေကို လုပ်လိုရှိရင်တော့ ပြည်သူလူထုရဲ့အပြစ်ပေးခြင်းကိုခံရပြီး တံတွေခွက်ထဲက ထွက်မလာနိုင်တဲ့အဖြစ်မျိုးကို ရွှေအိမ်စည်အပေါ်မှာ ဗိုလ်ကျခဲ့တဲ့လူတွေ ကြုံရပါလိမ့်မယ်။

သတင်းရင်းမြစ် - အိုအေစစ်

 


09 Oct 2017     1,393 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS