ပြည်တွင်းက လေဆိပ်(၃)ခုကို အဆင့်မြှင့်တင်ဆောင်ရွက်မည်
03 Oct 2017 1,277 Views
ပြည်တွင်းက လေဆိပ်(၃)ခုဖြစ်တဲ့ ဟဲဟိုးလေဆိပ် ၊ ကော့သောင်းလေဆိပ် နဲ့ မော်လမြိုင်လေဆိပ်တို့ ကို အဆင့်မြှင့်တင်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ(၂၉)ရက်က ရန်ကုန်မြို့ လေကြောင်းပညာသိပ္ပံမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲက
သိရပါတယ်။
ဟဲဟိုးလေဆိပ် ၊ ကော့သောင်းလေဆိပ် နဲ့ မော်လမြိုင်လေဆိပ်တို့ ကို အဆင့်မြှင့်တင်ဆောင်ရွက်ရာမှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပါဝင်တဲ့ Public ၊Private ၊ Partership (PPP) စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို EOI ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေ EOI ခေါ်ယူရာမှာ ပြည်တွင်း ကုမ္ပဏီတွေက (၆၀) ရာခိုင်နှုန်း ပါဝင်နိုင်မှာဖြစ်ပြီး ပြည်ပ ကုမ္ပဏီတွေက တော့ (၄၀) ရာခိုင်နှုန်းပါဝင်နိုင်မှာဖြစ်တယ်လို ပြောပါတယ်။PPP စနစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် ပထမအဆင့်အနေနဲ့  EOI ကို ခေါ်ယူတဲ့အခါမှာ စိတ်ပါဝင်စားတဲ့ကုမ္ပဏီတွေအနေနဲ့ ဟဲဟိုးလေဆိပ်ကို ကုမ္ပဏီပေါင်း (၆၃) ခု၊
မော်လမြိုင်လေဆိပ်ကို ကုမ္ပဏီပေါင်း (၄၇) ခု နဲ့ ကော့သောင်းလေဆိပ်ကို ကုမ္ပဏီပေါင်း (၅၀) ခု ရှိတယ်လို့ လည်း သိရပါတယ်။ပြည်တွင်းက လေဆိပ်(၃)ခုဖြစ်တဲ့ ဟဲဟိုးလေဆိပ် ၊ ကော့သောင်းလေဆိပ် နဲ့ မော်လမြိုင်လေဆိပ်တို့ ကို အဆင့်မြှင့်တင်ဆောင်ရွက်ရာမှာတော့ ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင်ဆောင်ရွက်တော့မှာဖြစ်ပြီး လေဆိပ် (၃)ခုလုံးကို တစ်ပြိုင်နက် အဆင့်မြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
လေဆိပ်(၃)ခုလုံးကို အဆင့်မြှင့်တင်ဆောင်ရွက်ရာမှာ နိုင်ငံတကာအဆင့်မီလေဆိပ်ဖြစ်အောင်လို့ ဆောင်ရွက်သွားမှာဖြစ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပြီးရင်တော့ ခရီးသွားပြည်သူတွေဝင်ရောက်မှုများပြားနိုင်တယ်လို့ သိရပါတယ်။