BEC-TERO TV

ဒရာမာစီးရီးတွေမှာသာမက ဖျော်ဖေရြေးအစီစဉ် တွေမှာပါ လင်းလက် တောက်ပနေတဲ့ ကိုရီးယားသရုပ်ဆောင် (၅) ဦး

03 Oct 2017     1,534 Views


ကိုရီးယားသရုပ်ဆောင်လောကမှာ အရည်အချင်းများစွာနဲ့ တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေ အများကြီးရှိကြပါတယ်။ ဒါပေမယ့် ဟာသဆန်ဆန် လုပ်ရပ်တွေနဲ့ ပြီးပြည့်စုံတဲ့ သရုပ်ဆောင်ချက်တွေကို လုပ်နိုင်ဖို့ဆိုရင်တော့ နည်းပရိယာယ်လေးတွေ လိုအပ်ပါတယ်။ အခုဖော်ပြမယ့် သရုပ်ဆောင် (၅) ဦးကတော့ drama series တွေမှာရော variety show တွေမှာပါ ပရိတ်သတ်တွေရဲ့ ထောက်ခံအားပေးမှုကိုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တွေဖြစ်ပါတယ်။

1. Lee Dong Wook (လီဒုံဝုဂ်)

တကယ်လို့ သင်ဟာ လီဒုံဝုဂ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ဖူးမယ်ဆိုရင် လီဒုံဝုဂ်ကို variety show တွေနဲ့ လုံးဝ မလိုက်ဖက်တဲ့သူလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် မင်းသားလီဒုံဝုဂ်ဟာ variety show တွေမှာပါ တခြားသူတွေနဲ့ လိုက်ရောညီထွေဖြစ်အောင် ပါဝင် တင်ဆက်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးပါ။ Roommate season နှစ်ခုစလုံးမှာလည်း မင်းသားလီဒုံဝုဂ်က အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Healing Camp, Hey Hey Hey, Running Man နဲ့ Strong Heart စတဲ့ variety show တွေမှာလည်း ဧည့်သည်တစ်ဦးအနေနဲ့ တော်တော်များများ ဖိတ်ကြားခံခဲ့ရပါတယ်။

 

2. Lee SeungGi (လီဆွန်းဂီ)

၂၀၁၆ ခုနှစ် အစောပိုင်းမှာစစ်မှုထမ်းဖို့အတွက် စစ်တပ်ထဲဝင်သွားခဲ့တဲ့ အသက် ၃၀ အရွယ် မင်းသားလီဆွန်းဂီဟာလည်း ကိုရီးယားသရုပ်ဆောင်လောကမှာ ပြည်သူ့အချစ်တော် မင်းသားတစ်ဦးပါဘဲ။ You’re Surrounded, My Girlfriend is Nine-Tailed Fox, Brilliant Inheritance စတဲ့ ဇာတ်လမ်းတွဲတွေ မှာပရိတ်သတ်တွေ အသည်းစွဲအောင် လုပ်နိုင်ခဲ့တဲ့အပြင် Running Man, Strong Heart စတဲ့ variety show တွေမှာလည်း ချစ်စဖွယ်ဟန်ပန်အမူအရာတွေအပြင် ဖြူစင်ပြီး နွေးထွေးလှတဲ့ သူ့ရဲ့စိတ်ထားတွေနဲ့လည်း ပရိတ်သတ်တွေရဲ့စိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။  ဒါ့အပြင် မင်းသား လီဆွန်းဂီဟာ Running Man အစီအစဉ်မှာ မကြာခဏဖိတ်ကြားခံခဲ့ရတဲ့ ဧည့်သည်တစ်ဦးလည်း ဖြစ်ပါတယ်။

 

3. Song JiHyo (ဆုန်းဂျီဟို)

၂၀၀၃ ခုနှစ်ကတည်းကစပြီး သရုပ်ဆောင်လောက စတင်ဝင်ရောက်ခဲ့တဲ့ မင်းသမီးဆုန်းဂျီဟိုဟာ ၂၀၁၇ နှစ်အစောပိုင်းအထိ Running Man အစီအစဉ်မှာတစ်ဦးတည်းသော မိန်းကလေးအဖွဲ့ဝင်ပါ။ မင်းသမီးဆုန်းဂျီဟိုဟာ Wishing Stairs စတဲ့ ဇာတ်လမ်းတွေမှာသာမက လူကြိုက်များတဲ့ ဇာတ်လမ်းတွဲ တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အခြား variety show တွေအပြင် K-pop Countdown (Inkigayo) အစီအစဉ်မှာလည်း MC တစ်ဦးအနေနဲ့ ပါဝင်တင်ဆက်ခဲ့ပါတယ်။

 

4. Song Joong Ki (ဆုန်းဂျွန်ဂီ)

Descendants of the Sun ဇာတ်လမ်းတွဲထဲမှာ Big Boss ဆိုပြီးလူအများသိခဲ့ကြတဲ့ မင်းသားဆုန်းဂျွန်ဂီဟာ ၂၀၀၇ ခုနှစ်မှာသရုပ်ဆောင်လောကထဲ ၀င်ရောက်ခဲ့ပြီးအရင်တုန်းက Running Man အစီအစဉ်မှာပင်တိုင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ မင်းသားဆုန်းဂျွန်ဂီဟာလည်း variety show တွေမှာ သူ့ရဲ့ ချစ်စဖွယ်အပြုံးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသား တစ်ဦးလည်းဖြစ်ပါတယ်။

 

5. Lee KwangSoo(လီဂွမ်ဆူ)

“အာရှမင်းသား” “သစ်ကုလားအုတ်” “မောင်ကံဆိုး” “သစ္စာဖောက်” စတဲ့ နာမည်ပြောင်တွေနဲ့ မင်းသားလီဂွမ်ဆူဟာ Running Man အစီအစဉ်မှာလူကြိုက်အများဆုံး အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ တခါတလေသူ့ရဲ့ ကိုးယိုးကားယား အကစွမ်းရည်ကလည်း ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ လူအများသိပ် သတိမထားမိကြပေမယ့် မင်းသားလီဂွမ်ဆူဟာ It’s ok, That’s Love, City Hunter, The Girl  who Sees Smells စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး လည်းဖြစ်ပါတယ်။


03 Oct 2017     1,534 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment