National Director ကို City Miss တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာ စိတ်ရှိပါလို့ ပြောလိုက်တဲ့  ထွဋ်မြတ်ရွှေရည် (Miss Universe-Pyin Oo Lwin 2018)
02 Oct 2017 1,554 Views
လက်တလောဖြစ်ပေါ်နေတဲ့ ရွှေအိမ်စည် Crown သိမ်းခံရတာနဲ့ ပတ်သတ် ပြီး ထွဋ်မြတ်ရွှေရည် (Miss Universe-Pyin Oo Lwin 2018) သူမရဲ့ အမြင်ကိုတွေ ပြောပြသွားပါတယ် ။
“ ညီမ အမြင်ပြောရမယ်ဆိုရင် တကယ်လို့ သူတို့အိမ်စည်ကို Crown သိမ်းတဲ့ကိစ္စက သူတို့ စောစောစီးစီး ပြောသင့်တယ်။ အိမ်စည်နဲ့ စာချုပ်ပြည့်ဖို့ကလည်း အများကြီးကျန်သေးတယ်။ အိမ်စည်မှာ Fan အများကြီး ရှိတာလည်း သူတို့သိတယ်။ အဲဒါကို ပွဲပြီးတော့မှ သိမ်းတယ်ဆိုပြီး ထုတ်ပြန်တယ်ဆိုတာက သူတို့မှာ ပြင်ဆင်မှုတစ်ခုခုရှိပြီးသားပါ။ နိုင်ငံခြားမှာသူတို့ထောက်ပံ့မှုမပါဘဲ ကိုယ်ဘာသာ Train လုပ်ပြီးတော့မှ သူတို့ ထောက်ပံ့မှုမပေးထားတဲ့ သူတစ်ယောက်ကို Crown သိမ်းလိုက်တယ်ဆိုတဲ့ ကိစ္စက ညီမအနေနဲ့တော့ တော်တော်ကြီးကို ရှုံ့ချပြီးတော့ အထင်သေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုပြန်ရွေးလိုက်တဲ့ Miss က ၂၀၁၃ တုန်းက Miss သူကဘာမှ ပြင်ဆင်ထားတာရှိမှာ မဟုတ်ဘူး။ အိမ်စည်က ဒီပွဲအတွက် သေချာ ပြင်ဆင်ထားတဲ့လူ Crown ရပြီးကတည်းက အင်္ဂလန်ထိလည်းသွားထားတယ်။ ဘန်ကောက်မှာလည်း Train ထားတယ်၊ ရန်ကုန်မှာလည်း လုံးဝ Perfect ဖြစ်နေအောင်လုံးဝ train ထားတဲ့ လူတစ်ယောက်ပါ။
Miss Universe Myanmar 2018 ၀င်ပြိုင်တော့ အခက်အခဲဆိုရင် Miss တစ်ယောက်အနေနဲ့ ညီမတို့ ခံစားခဲ့ရတာက Product Model တစ်ယောက်လို့ပဲခံစားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စပွန်ဆာတွေကိုပဲ သူတို့ အရမ်း Promo လုပ်ပေးခဲ့ရတာဆိုတော့လေ။ ပရိုမိုးရှင်း ဧရိယာ တစ်ခုလုံး ရှိနေတာတောင်မှ ညီမတို့ကိုသေချာ Promo မလုပ်ပေးခဲ့ဘူး။ ဒါပေမဲ့ ညီမတို့ဆိုတာ နိုင်ငံကိုယ်စားပြု အလှမယ်တွေလေ ဒါပေမယ့် ညီမတို့ကို Promo မလုပ်ပေးခဲ့ဘူး။ ညီမ တို့ကို အလေးမထားဘဲနဲ့ Main Sponsor တွေကိုပဲ အဓိကထားပြီးတော့ ပစ္စည်းတွေကို ဝေခိုင်းတယ်၊ Simple တွေစမ်းသုံးခိုင်းတယ်။ အရောင်းဌာနတွေမှာ လုပ်ခိုင်းတယ်။ အဲလိုမျိုးတွေလုပ်ခဲ့ခိုင်းတယ်ပေါ့နော်။ နောက်ပြီးအဲလိုမျိုး လုပ်ရတာကလည်း အချိန်တိုလေး လုပ်ပြရတာမဟုတ်ဘူး။ ညီမတို့ တကယ်အကြာကြီးလုပ်ပေးခဲ့ရတယ် မနက်ကတည်းက နေညနေ ၆နာရီလောက်မှ ပြီးတယ်။ တကယ့် Product မော်ဒယ် တစ်ယောက်လိုမျိုး ဆက်ဆံခဲ့တယ်။ ဟုတ်တယ် sponsor တွေက ညီမတို့ကို ကျေးဇူးရှိတယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် အဲလောက် ကြီးမလိုအပ်ဘူးလို့တော့ ညီမထင်တယ်။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း တခြားမော်ဒယ်တွေငှားပြီး တော့ညီမတို့ကိုဗန်းပြလည်းရနေတာပဲ။ ဒါပေမယ့် သူတို့မလုပ်ဘူး။ ညီမတို့ကိုပဲ တကယ်ကြီးကို ခိုင်းခဲ့တယ်။
Trip သွားတုန်းက အလှူခံတာဆိုလို့ရှိရင်လည်း တစ်ဆိုင်တက် တစ်ဆိုင်ဆင်း လမ်းဘေးက ဖုန်းဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့ ဆိုင်သေးသေးလေးတွေကအစ အလှူခံခိုင်းခဲ့တယ်။ အဲဒါက လည်းနေပူကြီးထဲမှာ Miss တွေက ဒေါက်ဖိနပ်ကြီးတွေစီးပြီး Lux အကျီကြီးတွေ ၀တ်ပြီး ဖလားတစ်လုံးနဲ့ အဖွဲ့တွေခွဲပြီး အလှူခံပေးခဲ့ရတယ်။ လမ်းမကြီး နေပူကြီးထဲမှာ အလှူခံခဲ့ ပေးရတယ်။ ဘားအံသွားတုန်းကလည်း ဆိုလို့ရှိရင် Talent Show မှာ Back Stage ကိုသူတို့ လူစိမ်း နှစ်ဦးကို ပေါ့နော်။ အမှန်က Back Stage ဆိုတာ performance လုပ်မယ့်လူရယ် stage manager ရယ်ပဲရှိသင့်တဲ့နေရာလေ။ ဒါပေမယ့် ဘာမဆိုင်ညာမဆိုင် လူစိမ်းနှစ်ယောက်ကို သူတို့ လက်ခံ ပြီးဝင်ခိုင်းတယ်။ ပြီးလည်း ပြီးရော အဲလူစိမ်းနှစ်ယောက်ကညီမတို့နဲ့ အတင်းစကားတွေလာပြောတယ်။ ညီမကတော့ ခပ်တည်တည်နဲ့ နည်းနည်းအသံမာမာပြောလိုက်လို့ သူတို့က လိုက်စကားမပြောဘူး။ ဒါတောင်မှ လိုက်စသလိုလိုဘာလို လိုလုပ်ခဲ့တယ်။ ညီမတို့ဘားအံခရီးစဉ်က city director တွေတောင် လိုက်ခွင့်မပေးခဲ့တာ။ ဘာဖြစ်လို့ ဒီလူစိမ်းနှစ်ယောက်က back stage ကိုဝင်ခွင့်ရှိရတာလည်း။ တကယ်ဆို ညီမအသက်၁၈နှစ်မပြည့်သေးဘူး။ ညီမအသက် ၁၆ နှစ်ကမိုင်နာပဲ ရှိသေးတယ်။ ပြီးတော့ ဘားအံ မှာ Talent Show ပြီးတော့လည်း အေးဆေး နားခိုင်းမလား မနားခိုင်းဘူး။ ညချင်းဟော်တယ်ကိုပြန်ရတယ်။ ပြီးတော့ Lux Product အတွက်ကြော်ငြာ ထက်ရိုက်ခိုင်းတယ်။ မနက်လေးနာရီမှ အိပ်ရတယ်။ တစ်နေကုန် မနက်၆နာရီကထဲက စပြီး အလုပ်လုပ်ရတာ နောက်နေ့ မနက်လေးနာရီမှ ပြန်အိပ်ရတယ်။ တစ်နေ့ကုန်ပင်ပန်းနေတာတောင် ညမအိပ်ရဘူး။ ဒီ Sponsor တွေကို ပဲအလေးထားလွန်းတယ်။
National Director ကို City Miss တစ်ယောက်အနေနဲ့ အကြံပေးရမယ်ဆိုရင် ကိုယ်ချင်းစာ စိတ်ရှိပါလို့ပဲပြောချင်ပါတယ်။ သူစိတ်ဓာတ်ကြီးတစ်ခုလုံး ပြောင်းသင့်တယ်လို့ ညီမထင်ပါတယ်။ ညီမ ကတော့ ရှေ့ဆက်ပြီးတော့ အသက်ငယ်ငယ်နဲ့ Miss ပြိုင်ပွဲ ၀င်ပြိုင်လိုက်မိတဲ့အတွက် တော်တော်တော့ Miss လောက ကိုကြောက်သွားပါပြီ။
Credit:8day