BEC-TERO TV

Miss Grand International 2017 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုအလှမယ်အား စေလွှတ်ရန်ရပ်ဆိုင်း

01 Oct 2017     1,291 Views


အလှမယ် ရွှေအိမ်စည်အား Miss Grand International 2017 ပြိုင်ပွဲသို့ စေလွှတ်ရန် ရပ်ဆိုင်းကြောင်း ကြေညာချက်အား Miss Universe Myanmar Organization မှ ယနေ့အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပရိသတ်အများစု၏ တင်ပြတောင်းဆိုမှုအရ ရပ်ဆိုင်းလိုက်ခြင်းဟု ဖော်ပြထားပြီး နိုင်ငံကိုယ်စားပြုအလှမယ်တစ်ဦး၏ ဂုဏ်ပုဒ်နှင့် လျော်ညီမှု မရှိသည့် ရိုင်းစိုင်းကြမ်းတမ်းသော အပြောအဆိုအသုံးအနှုန်းများ ပြောဆိုခြင်း အပါအဝင် စာချုပ်ပါအချက်များကို ဖောက်ဖျက်ခဲ့သည်ဟု ဖော်ပြထားသည်။

ရွှေအိမ်စည်သည် Miss Universe Myanmar 2017 ပြိုင်ပွဲတွင် First Runner Up ရရှိထားပြီး
Miss Grand International 2017 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသူဖြစ်သည်။
ရွှေအိမ်စည်သည် ဖိလစ်ပိုင်နိုင်ငံတွင် သင်တန်းသွားရောက်စဉ်ကာလအတွင်း နိုင်ငံကိုယ်စားပြုအလှမယ်တစ်ဦးအနေဖြင့် လိုက်နာရမည့် အမူအကျင့်များတွင် လိုအပ်ချက်များ ရှိနေသဖြင့် သတိပေးပြောဆိုမှုများပြုလုပ်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ရွှေအိမ်စည်ဘက်ကတော့ လာမည့် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံတွင် Miss Grand International 2017 သွားပြိုင်ဖြစ်မပြိုင်ဖြစ်အတွက် " ဒီမေးခွန်းဖြေဖို့ အိမ်စည့်ကို လွှတ်မလား၊ မလွှတ်ဘူးလား ဆိုတာ အိမ်စည် ဆုံးဖြတ်ရမှာ မဟုတ်ဘဲ National Director ကသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်" လို့ သူ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။


ရွှေအိမ်စည်အနေနဲ့ စာချုပ်ပါ အချက်တွေကို ချိုးဖောက်ခြင်း မရှိခဲ့ပါဘူးလို့ ပြောဆိုထားပါတယ်။
"အိမ်စည်နှင့် organization ချုပ်ဆိုထားတဲ့ စာချုပ်ကို အိမ်စည့်ဖက်က မည်သည့်အချက်ကိုမှ ချိုးဖောက်ခဲ့ခြင်းမရှိသလို အပြစ် တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းလည်း လုံးဝမရှိကြောင်း ပရိသတ်များကို အာမခံနိုင်ပါတယ်။" လို့ ယမန်နေ့က ရေးသားထားပါတယ်။


ဒီကနေ့မှာတော့ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ကို Organization ဘက်မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Miss Grand International 2017 ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာအလှမယ်ကိုတော့ အောက်တိုဘာလ ၁ ရက်မှာ Miss Universe Myanmar Organization မှ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

သတင်း  - မဇ္ဇျိမ


01 Oct 2017     1,291 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS