BEC-TERO TV

ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လပ် မျက်ကွယ်ထောင်ဒဏ်(၅)နှစ်ချမှတ်ခံရ

29 Sep 2017     1,284 Views


နိုင်ငံတော်အတွက် ဆုံးရှုံးမှုများခဲ့တယ်လို့ သတ်မှတ်ခံထားရတဲ့ ဆန်အမတော်ကြေး အစီအစဉ်မှာ ရာဇ၀တ်မှုမြောက်တဲ့ပေါ့ဆမှုရှိခဲ့တယ်ဆိုတာ ထင်ရှားတာကြောင့် ထိုင်းဝန်ကြီးချုပ် ဟောင်း ရင်လပ်ကို ထောင်ဒဏ်(၅)နှစ်ကျခံဖို့ ထိုင်းတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ရင်လပ်ဟာ ထိုင်းနိုင်ငံကို အမေရိကန်ဒေါ်လာ သန်းရှစ်ထောင် နီးပါးကုန်ကျစေခဲ့ တယ်လို့ စွပ်စွဲခံထားရတဲ့ ဆန်အမတော်ကြေးအစီအစဉ်မှာ လွဲမှားစွာကိုင်တွယ်ခဲ့တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်တာပါ။

` ၂၀၁၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုမဖြစ်ခင် သီတင်းပတ်ပိုင်းမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မစ်္စရင်လပ်ကတော့ သူ့အပေါ်စွပ်စွဲထားတဲ့ ပြစ်ဒဏ်တွေကို ငြင်းဆိုထားသလို တရားရုံးဆုံးဖြတ်ချက်မချခင်မှာ ပြည်ပကို ထွက်ပြေးတိမ်းရှောင် ခဲ့လို့ တရားရုံးချုပ်ဟာ အခုပြစ်ဒဏ်ကို မျက်ကွယ်ပြစ်ဒဏ်အဖြစ်ချမှတ်ခဲ့တာပါ။ မစ္စရင်လပ်အနေနဲ့ ဆန်အမတော်ကြေးအစီအစဉ်မှာ အမှားအယွင်းတွေရှိနေခဲ့တာကို သိနေခဲ့ပေမဲ့ ရပ်တန့်အောင်မလုပ် ခဲ့ဘူးလို့ တရားရုံးချုပ်တရားသူကြီးတွေကပြောပါတယ်။

ဆန်အမတော်ကြေးအစီအစဉ်ဟာ မစ္စရင်လပ်ရဲ့ရွေးကောက်ပွဲမဲဆွယ်မှု တစ်စိတ် တစ်ပိုင်းအနေနဲ့ဝန်ကြီးချုပ်အဖြစ်စတင်တာဝန်ထမ်းဆောင်ပြီးပြီးချင်း ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ တာဖြစ်ပါတယ်။ကျေးလက်ဆင်းရဲမွဲတေမှုကိုလျှော့ချဖို့ ထိုင်းအစိုးရဟာ ကျေးလက် လယ်သမား တွေကို ဈေးကွက်မှာရှိတဲ့ဆန်ပေါက်ဈေးထက် ၂ ဆနီးပါးပိုပြီးပေးခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံရဲ့ဆန်တင်ပို့မှုတွေကို ထိခိုက်မှုရှိစေခဲ့ပါတယ်။ဝန်ကြီးချုပ်ဟောင်း ရင်လပ်ဟာ သူ့အပေါ်စွပ်စွဲထားတာတွေကိုငြင်းဆိုထားပေမဲ့ လက်ရှိမှာ သူမအစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှိရာ ဒူဘိုင်းမြို့ကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။


29 Sep 2017     1,284 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS