BEC-TERO TV

သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်များမောင်းနှင်ဖို့ အမှိုက်သိမ်းတဲ့ ၀န်ထမ်းတွေထဲမှ ပြန်လည်ခန့်အပ်ထား

29 Sep 2017     1,334 Views


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းလှည်းအစားထိုး သုံးဘီးဆိုင်ကယ် အမှိုက်သိမ်းယာဉ်ကိုမောင်းနှင်ဖို့အတွက်ဝန်ထမ်းတွေကို သီးခြားခန့်အပ်ထားတာမျိုးမရှိဘဲ အမှိုက်သိမ်းတဲ့ ၀န်ထမ်းတွေထဲကပဲ ပြန်လည်ခန့်အပ်ထားတယ်လို့ သိရပါတယ်။ အမှိုက်သိမ်းလှည်းအစားထိုး(၃)ဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်စနစ်ကို ယခု(၂၀၁၇)ခုနှစ်၊မေလပိုင်းကစတင်ပြီး ရန်ကုန်မြို့တွင်းရှိ ခရိုင်(၃)ခုမှာ စမ်းသပ်သုံးစွဲနေတာဖြစ်ပါတယ်။

` ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းလှည်းအစားထိုး သုံးဘီးဆိုင်ကယ် အမှိုက်သိမ်းယာဉ်ကို မောင်းနှင်ဖို့အတွက် ၀န်ထမ်းတွေကို အမှိုက်သိမ်းဝန်ထမ်းတွေထဲမှ ၀န်ထမ်းတွေကို ဆိုင်ကယ် သင်တန်းပေးပြီး လိုင်စင်ပါလုပ်ပေးပြီးမှ မောင်းနှင်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်ကိုမောင်းနှင်နေတဲ့ဝန်ထမ်းတွေထဲမှာ အမျိုးသားသုံးဘီး ဆိုင်ကယ်ယာဉ်မောင်းအပြင် အမျိုးသမီးသုံးဘီးဆိုင်ကယ်ယာဉ်မောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလိုသုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်ကိုမောင်းနှင်နေကြတဲ့ ၀န်ထမ်းတွေမှာ လိုင်စင်ရှိပြီးသား အမျိုးသမီးသုံးဘီးဆိုင်ကယ်ယာဉ်မောင်းတွေလည်း ပါဝင်တယ်လို့သိရပါတယ်။သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်ကို ခရိုင်အလိုက်ဌာနကနေခွဲပေးထားတာဖြစ်ပြီး အရှေ့ပိုင်းခရိုင်မှာ(၃၅)စီး၊မြောက်ပိုင်းခရိုင်မှာ(၃၅)စီးနဲ့တောင်ပိုင်းခရိုင်မှာ(၁၅)စီးအသုံးပြုနေတာ ဖြစ်ပါတယ်။အခုလို သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်စနစ်ကို အသုံးပြုပြီး ခရိုင်(၁)ခုမှာ နေ့စဉ် ထွက်ရှိတဲ့ အမှိုက်တန်ချိန်မှာ(၇၀၀)နီးပါးသိမ်းဆည်းရရှိတယ်လို့သိရပါတယ်။


29 Sep 2017     1,334 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS