BEC-TERO TV

ယဉ်လက် ပါဝင်သရုပ်ဆောင်မည့် ဘဝဖြစ်ရပ်မှန် ရုပ်ရှင်ကားကြီးရိုက်ကူးမည်

29 Sep 2017     1,503 Views


ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေသော “နေပဲလှော်” အမည်ရှိ မြန်မာပြည်ဖွား ဆွစ်ဇာလန်နိုင်ငံသူ၏ ဘဝဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးရန်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။

“နေပဲလှော်” ရုပ်ရှင်ဇာတ်ကားကို “သရာစောထိ” ရုပ်ရှင်ဇာတ်ကားကြီး၏ ဇာတ်လမ်းအဆက်အဖြစ် ရိုက်ကူးမည်ဖြစ်ကြောင်း အဆိုပါဇာတ်ကားကို ဇာတ်ညွှန်းရေးသားပေးခဲ့သူ သရုပ်ဆောင်ဇာဂနာက စက်တင်ဘာ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

“နေပဲလှော်” ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာတွင်လည်း “သရာစောထီး” ဇာတ်ကားကြီ:ကို ရိုက်ကူးခဲ့သော ဇာတ်ညွှန်းဇာဂနာ၊ ဒါရိုက်တာစံရွှေမောင်၊ သရုပ်ဆောင်ထွန်းထွန်း၊ ယုသန္တာတင်၊ ယဉ်လက်နှင့် အခြားအနုပညာရှင်တစ်ဦးလည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရှိရပြီး သရုပ်ဆောင် ယဉ်လက် က “နေပဲလှော်” နေရာတွင် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

“နေပဲလှော်” သည် လက်ရှိတွင် အသက် (၄၀) ခန့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘုရားကျောင်းမှ ဆွစ်ဇာလန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သောကြောင့် ဆွစ်ဇာလန်နိုင်ငံသို့သွားရောက်ကာ စိုက်ပျိုးရေးပညာရပ်ကို သင်ယူခဲ့ပြီး မြန်မာနိုင်ငံတွင်း ဒေသဖွံ့ဖြိုးရေးအတွက် နံနက်ပွင့်စိုက်ခင်း ဧက ၁၀၀ စိုက်ပျိုးခဲ့ပြီး ဒေသခံလူငယ် ၄၀၀ ကျော်ကို အလုပ်အကိုင်ရရှိစေခဲ့သလို လမ်းပန်းဆက်သွယ်ရေးအတွက် မိုင်(၆၀) ခန့် လမ်းဖောက်ပေးထားသူတစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

နာနတ်ပွင့်ဆိုတာ နာနတ်သီးကပေါက်တာမဟုတ်ဘူး။ ဘာလို့ နာနတ်ပွင့်လို ခေါ်မှန်းကို မသိတာ။ အဲဒီဟာက ငှက်ဖျားတိုက်ဖျက်တဲ့ဆေးထုတ်တာ။ ကျွန်တ်ာတို့ နိုင်ငံသားတွေ ဒီနေရာဒီဒေသမှာ စိုက်လို့ရလျက်နဲ့ ကျွန်တော်တို့ မသုံးရဘူးဖြစ်နေတာ။ ကျွန်တော်က ဒီဟာကို အဓိကရိုက်ပြမယ်” ဟု ဇာဂနာ ပြောသည်။

“နေပဲလှော်” ရုပ်ရှင်ဇာတ်ကားကို တောင်ငူမြို့အနီးတစ်ဝိုက်တွင် ရိုက်ကူးမည်ဖြစ်ပြီး ၁၁ လပိုင်း (သို့) ၁၂ လပိုင်းတွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းရင်းမြစ် - ဒီမိုကရေစီတူဒေး


 


29 Sep 2017     1,503 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment