BEC-TERO TV

ရန်ကုန်မြို့တွင်းရှိ ခရိုင်(၃)ခုမှာ သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ် စနစ်စမ်းသပ် သုံးစွဲလျက်ရှိ

27 Sep 2017     1,362 Views


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းလှည်းအစားထိုး သုံးဘီးဆိုင်ကယ် အမှိုက်သိမ်းယာဉ်စနစ်ကို ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်၊တောင်ပိုင်းခရိုင်နဲ့မြောက်ပိုင်းခရိုင်တို့မှာ စမ်းသပ်သုံးစွဲနေပါတယ်။ လှည်းအစားထိုး(၃)ဘီးဆိုင်ကယ် အမှိုက်သိမ်းယာဉ်စနစ်ကို (၂၀၁၇)ခုနှစ်၊ မေလပိုင်းကစတင်ပြီး ရန်ကုန်မြို့တွင်းရှိ ခရိုင်(၃)ခှမှာ စမ်းသပ်သုံးစွဲနေတာဖြစ်ပါတယ်သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်စနစ်သုံးစွဲနေတဲ့ကာလအတွင်းမှာလှည်းနဲ့ဆောင်ရွက်တာထက်ဆိုင်ကယ်နဲ့ဆောင်ရွက်တာ ကပိုပြီးမြန်ဆန်ထိရောက်မှုရှိတယ်လို့ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ လမ်းကျဉ်း၊လမ်းသွယ်တွေမှာ ၀င်ရောက်အမှိုက်သိမ်းနေတဲ့ လှည်းတွေအစား ယခုသုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်စနစ်ကပိုပြီးမြန်ဆန်ထိရောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အသုံးပြုနေတာဖြစ်တယ်လို့ဆိုပါတယ်။သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်ကို ဌာနကနေ ခရိုင်အလိုက် ခွဲပေးထားတာ ဖြစ်ပြီး အရှေ့ပိုင်းခရိုင်မှာ(၃၅)စီး၊မြောက်ပိုင်းခရိုင်မှာ (၃၅)စီးနဲ့တောင်ပိုင်းခရိုင်မှာ(၁၅)စီး သုံးစွဲအသုံးပြုနေတာပါ။သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်စနစ်နဲ့ နေ့လည်ပိုင်းတွေမှာ ရပ်ကွက် အတွင်းမှာ အိမ်တိုင်ရောက်အမှိုက်သိမ်းစနစ်၊အထုပ်ကောက်စနစ်ကိုဌာနက ချမှတ်ထားတဲ့အတိုင်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါ့အပြင်ရပ်ကွက်တွေမှာ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်ပုံတွေ ကိုလည်း အမှိုက်အနည်းအများပေါ်မူတည်ပြီး သိမ်းဆည်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်ကို မောင်းနှင်ဖို့အတွက် ၀န်ထမ်းတွေကိုတော့ သီးခြားခန့်အပ်ထားခြင်းမရှိပဲ အမှိုက်သိမ်းတဲ့ဝန်ထမ်းတွေကို ဆိုင်ကယ်မောင်သင်တန်းပေးပြီး ခန့်အပ်ထားတယ်လို့ဆိုပါတယ်။အခုလို သုံးဘီးဆိုင်ကယ်အမှိုက်သိမ်းယာဉ်စနစ်ကို အသုံးပြုပြီး နေ့စဉ်ခရိုင်(၁)ခုမှာ အမှိုက်တန်ချိန်(၆၀၀)ကျော်(၇၀၀)နီးပါးသိမ်းဆည်းရရှိတယ်လို့သိရပါတယ်။


27 Sep 2017     1,362 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS