BEC-TERO TV

ဖော်မလင်ထည့်ပြီးပြုလုပ်တဲ့ ပဲသွေးလုပ်ငန်းတွေကို စစ်ဆေးတွေ့ရှိပါက တရားစွဲမည်

26 Sep 2017     1,349 Views


ရန်ကုန်မြို့အတွင်းက ဈေးတွေနဲ့ ဈေးပြင်ပတွေမှာရောင်းချနေတဲ့ ပဲသွေးတွေမှာ စားသုံးရန် မသင့်တဲ့ ဖော်မလင်တွေပါဝင်နေမှုကို စစ်ဆေးတွေ့ရှိတာကြောင့် စက်တင်ဘာ(၂၂ရက်ကစပြီးဖော်မလင်ထည့်ပြီးပြုလုပ်တဲ့ပဲသွေးလုပ်ငန်းတွေကိုစစ်ဆေးတွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က တရားစွဲတော့မှာ ဖြစ်တယ်လို့ (FDA) မှ တာဝန်ရှိသူက ပြောပါတယ်။ရန်ကုန်မြို့တွင်းက ဈေးတွေနဲ့ဈေးပြင်ပမှာရောင်းချနေတဲ့ ပဲသွေး(၉၅)ရာခိုင်နှုန်းဟာ ဖော်မလင်ပါဝင်နေတာကို တွေ့ရှိတာကြောင့် ပဲသွေးရောင်းချနေတာတွေကို ယာယီတားမြစ်ထားတာ ဖြစ်ပါတယ်။

` ပဲသွေးထုတ်လုပ်တဲ့လုပ်ငန်းအများစုက လိုင်စင်မဲ့လုပ်ငန်းတွေဖြစ်ပြီး ပဲသွေးအစား အမဲသွေးတွေကိုရောင်းချနေတာတွေကိုပါ စစ်ဆေးတွေ့ရှိနေတာဖြစ်ပါတယ်။ စက်တင်ဘာလ (၂၁)ရက် က လှိုင်သာယာမြို့နယ်အတွင်းမှာရောင်းချနေတဲ့ ပဲသွေးပင်ရင်းလုပ်ငန်းနှစ်ခုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ပဲသွေးတွေမှာ ဖော်မလင် ပါဝင်နေတာတွေရှိပြီး လိုင်စင်မရှိဘဲ တရားမ၀င်ရောင်းချနေတဲ့ လုပ်ငန်းလည်းဖြစ်တာကြောင့် အဆိုပါပဲသွေးလုပ်ငန်းနှစ်ခုကို တရားစွဲလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။

အရင်က ပဲသွေးထုတ်လုပ်နေတဲ့ ပင်ရင်းလုပ်ငန်းတွေကို ရှောင်တခင်ဝင်ရောက် စစ်ဆေးပြီးတွေ့ရှိခဲ့ပါက ပစ်္စည်းသိမ်းတာတွေအပြင် ခံဝန်ကတိရေးထိုးခြင်းနဲ့ လုပ်ငန်းပိတ်သိမ်း တာတွေကို လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။စက်တင်ဘာလ(၂၁)ရက်က လှိုင်သာယာမြို့ နယ်အတွင်း မှာရောင်းချနေတဲ့ ပဲသွေးပင်ရင်းလုပ်ငန်းနှစ်ခုကိုတော့ အမျိုးသားအစားအသောက်ဥပဒေ၊ စားသုံးသူရေးရာဥပဒေနဲ့စည်ပင်သာယာရေးဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်ကြီးဈေး၊ သီရိမင်္ဂလာဈေး၊ မှော်ဘီမြို့မဈေး၊ကော့မှူးမြို့မဈေး၊လှည်းကူးမြို့မဈေးအပါအ၀င် ဒလမြို့နယ်အတွင်းမှာ ရောင်းချနေတဲ့ ဈေးတွေက ပဲသွေးတွေကို နမူနာကောက်ယူစစ်ဆေးခဲ့ပြီး ဖော်မလင်တွေ့ရှိတဲ့ ပဲသွေးတွေကိုတော့ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။


26 Sep 2017     1,349 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS