BEC-TERO TV

အသိုက်အ၀န်းကောင်းကောင်းလေးနဲ့ နေခွင့်ရတာ လုံခြုံတယ်လို့ခံစားရတယ် ဆိုတဲ့ အေးမြတ်သူ

25 Sep 2017     1,352 Views


အသက် ၃၁ နှစ်ကျော်လာပြီဖြစ် တဲ့ သရုပ်ဆောင် အေးမြတ်သူဟာ လက်ရှိအချစ်ရေးကိုလည်း လူတိုင်းစိတ်ဝင်စားနေကြသလို မင်္ဂလာသတင်းကိုလည်း စောင့်နေကြပါတယ် ။

“အသက် ၁၉ ၂၀ ထဲက ဒီလောကထဲဝင်လာခဲ့ပြီး ၁၀နှစ်ကျော်ဖြတ်သန်းလာခဲ့တယ် အခက်အခဲတွေကော ပင်ပန်းတာတွေကော အများကြီးရှိခဲ့တယ် ။အခုအချိန်မှာနည်းနည်းလေး တည်ငြိမ်လာတယ်ပြောရမယ် အလုပ်အကိုင်ကော ပုံပန်းသဏ္ဍာန်ကော ။ လက်ရှိအသက်အရွယ်ကို တအားကြိုက်တယ် ။အသက် ၃၀ ၃၁ နှစ်ထဲက ဒီဘ၀လေးကို သဘောကျခဲ့တယ် ။ ဘာကြောင့်လဲဆိုတော့ ဘ၀မှာ အရင်တုန်းက အလုပ်တွေချည်း လုပ်ရတယ် ။ အခု အလုပ်လဲ လုပ်တယ် ခရီးလည်းသွားတယ် ကိုယ့်ကိုချစ်တဲ့ခင်တဲ့ သူတွေ ဘေးနားမှာ ပိုများလာတယ် ။

မိတ်ဆွေကောင်းတွေ အများကြီးပိုရလာတယ် ။ အဲ့ဒိလို အသိုက်အ၀န်းကောင်းလေး နဲ့နေခွင့်ရတာ ကိုယ့်ကိုကိုယ် လုံခြုံတယ်လို့ ပိုခံစားရတယ် ။ ဘ၀ က နေလို့ ပိုပျော်လာတယ် ။ အဲ့ဒိဖီလင်က ဘာနဲ့မှ မတူဘူး။ တစ်ခါမှ အဲ့ဒိလို ရမယ်လို့ မခံစားခဲ့ရဘူး ။ အမြဲတမ်းရုန်းကန်နေရမယ် ဇောချွေးတွေ ပြန်နေမယ် ပင်ပန်းနေရမယ် ထင်ခဲ့တာ။ အခုက သက်တောင့်သက်သာရှိတယ် ။ အဲ့ဒိဘ၀ကို အေးမြတ်သူ တအားသဘောကျတယ်” ဆိုပြီးပြောသွားခဲ့ပါတယ်။ 

credit:popular


25 Sep 2017     1,352 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment