ကျွန်တော်က Single ကောင်လေးပါ…ဇော်ဇော်အောင်
25 Sep 2017 1,520 Views
Single ကောင်လေးဆိုတာလား….လူပျိုဖြစ်ကြောင်းကြွားတာပါ။ဒီရွယ်အရွယ်ရောက်ပြီး အမြှီးမပေါက်သေးတဲ့ မျောက်နေရတာ ကျွန်တော်ပါ၊ နောက်ကျနေတာမဟုတ်ဘူး။ကျွန်တော်ကို ကျော်ကျော်သွားနေကြတာ၊ ဟိုတလောကတုန်းကတောင် ကျောင်းနေဖက်သူငယ်ချင်းတွေစုပြီး ဘန်ကောက်သွားလည်းကြလေ။အဲ့ဒီ ခရီးစဉ်မှာတောင် ရည်းစားလည်းမရခဲ့ပါဘူးဗျာ…..။အခုချိန်ထိ ရည်ရွယ်ထယးတဲ့သူကတော့ရှာနေတုန်းပဲပါပဲဗျာ…။
တူတွေတူမတွေ (ကျော်ရဲအောင်သား နဲ့ သမီး) ရှိပေမယ့် သူတို့က ဒီနေရာကျအားကိုးလို့မရဘူး။အကြီးကောင်ဆို ထူးမြတ် ဆိုရင်အားရင်ဂိမ်းပဲ။ ပြောလိုမရဘူး၊ ငယ်သေးတော့ ကိုယ်လည်းမပြောချင်ဘူး။သူတို့ကိုလည်း ဖအေခြေရာနင်းပြီး အောင်အောင်မြင်မြင်ဖြစ်စေချင်တယ်။သူကတော့ အနုပညာကို ဂိမ်းလောက် စိတ်မဝင်စားဘူးဖြစ်နေတယ်။
တူမလေးတော့ ဆယ်လီရုပ်ရှင်ကားကြီးထဲမှာပါတယ်။အဲဒီနောက်ပိုင်း သရုပ်ဆောင်ပိုင်းကို ဝါသနာပါလာတဲ့ပုံပါပဲ၊ ကျွန်တော်မစွံတဲ့ဘက် ပြန်လှည့်ပြောရရင်တော့ အခုဆို လူတွေက ဇော်ဇော်အောင်လို့တောင် မခေါ်တော့ဘူး Single ကောင်လေးတဲ့ ဆိုပြီးပြောပါတယ်။
Soure: Oasis
ဂျူးလိုင်မိုး