ရုပ်ရှင်အစည်းအရုံးဥက္ကဌ ရာထူးကိုအချိန်မပေးနိုင်မှာဆိုးတဲ့အတွက်ဝင်ရောက်အရွှေးမခံတာပါ ဒါရိုက်တာဝိုင်း
25 Sep 2017 1,324 Views
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို) မှကျင်းပပြုလုပ်ခဲ့တဲ့ အမှုဆောင်အသစ်ရွှေးချယ်ပွဲနောက်ဆုံးရက် စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး သရုပ်ဆောင်ခန့်စည်သူက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကိုအနိုင်ရခဲ့သည်။
ပရိသတ်တွေကြားမှာ ဥက္ကဌနေရာအတွက် ရေပန်းစားခဲ့တဲ့ ဒါရိုက်တာဝိုင်းက ၀င်ရောက်အရွှေးမခံခဲ့တာနဲ့ ပတ်သက်ပြီး ( ကျွန်တော် ၀င်ရောက်အရွှေးမခံတာက အချိန်မပေးနိုင်လိုပါ၊ အခုက အားတဲ့ရက်ကိုမရှိဘူး၊ အချိန်မပေးနိုင်တော့ မလုပ်ပေးနိုင်မှာလဲဆိုးတယ်၊ ဒီနှစ်ရွှေးကောက်ပွဲကိုလာရောက်ပြီးမဲပေးတဲ့အနုပညာရှင်တွေများတယ်ဆိုတာ နှိုးဆော်ပေးတဲ့သူတွေများလာတဲ့အတွက်ကြောင့်လိုထင်ပါတယ်။ အခုဆိုရင်လာရောက်
ပြီးမဲပေးတဲ့ အနုပညာလောကကလူတွေလဲ တော်တော်များပါတယ်၊ ဒီနှစ်မှာဒီလိုလူတွေများတော့မဟုတ်ပါဘူး၊ ၂၀၁၂ တုန်းကလဲ ဒီလိုမျိုး မဲပေးမှုကိုစိတ်ဝင်စားခဲ့တဲ့ နှစ်ဆိုတာလဲရှိခဲ့ဘူးပါတယ်၊ အလုပ်တွေလဲအားတယ် ဆိုရင်တော့ ဥက္ကဌ နေရာကိုဝင်ရောက်အရေ့းခံမှာပါ ) လို ပြောပါတယ်။
ဒါရိုက်တာဝိုင်းက လတ်တလောမှာ အလုပ်နဲ့ပတ်သက်ပြီး အရွှေးအသွေးမြင့်လုပ်ဆောင်ချက် တွေဖြစ်ဖို့ အတွက်လေ့လာသင်ယူမှုတွေရှိကြောင်း၊ တစ်နှစ်ကို ၃ ကား ၄ ကားလောက်သာသေချာရိုက်ဖြစ်နေကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။