မင်္ဂလာဆောင်တော့မယ်ဆိုပေမယ့် သူ့အတွက်စဉ်းစားပြီးမချပြသေးတာဆိုတဲ့ နန်းမြတ်ဖြိုးသင်း
25 Sep 2017 1,321 Views
အချစ်ရေးနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်မှာ နာမည်ထွက်လေ့မရှိတဲ့ နန်းမြတ်ဖြိုးသင်း ဟာ နိုဝင်ဘာမှာ မင်္ဂလာဆောင်တော့မယ်လို့ ပြောလာပါတယ် ။ ချစ်သူသက်တမ်း ၃နှစ်ကျော်လည်းရှိနေပြီ ဖြစ်ပြီး ချစ်သူက လေးနှစ်ကြီးပါတယ် နှစ်ဖက်မိဘတွေက စီစဉ်ချင်နေတာကြာပြီ အခုမှ တကယ် စီစဉ်ဖြစ်တာပါ ။
မင်္ဂလာပွဲကို ၃ ပွဲ လုပ်သွားမှာဖြစ်ပြီး လက်မှတ်ထိုးပွဲကိုတော့ ထူးထူးခြားခြားလေး နဲ့ ပျော်စရာကောင်းအောင်လုပ်မယ် ။ နိုဝင်ဘာ ၂၆ ဆီဒိုးနား မှာ စုလျှားရစ်ပတ် ပြုလုပ်မှာဖြစ်ပြီး ပြီးနောက် ညစာ စားပွဲကို ပြုလုပ်မှာလဲ ဖြစ်ပါတယ် ။
လက်ထပ်ပြီးရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါ ။ ပရိတ်သတ် လက်ခံသမျှဆက်လုပ်သွားမှာပါ ။ သူကလည်း နားလည်ပေးတယ် ။ အရင်ကတည်းက အနုပညာအလုပ်တွေကို သူကနားမလည်တော့ အမနဲ့ပဲ တိုင်ပင်ဖြစ်တယ် ။ သူ့ဘက်ကတော့ အနုပညာအလုပ်တွေကို နားလည်မှုနဲ့ပံ့ပိုးပေးပါတယ် ။
လက်ထပ်တော့မယ်ဆိုပေမယ့် ပရိတ်သတ်တွေကို ချမပြသေးတာက အနုပညာရှင်တွေရဲ့ ချစ်သူတွေဆိုရင် အပြောခံရတာများတယ်လေ ။ အဲ့ဒါကြောင့် သူကကြောက်တယ် ။ ဒီအနုပညာလောကထဲကလည်းမဟုတ်တော့ စိုးရိမ်စိတ်လဲ ဖြစ်နေပါတယ် ။ အဲ့ဒါကြောင့် သူ့ အတွက်စဉ်းစားပြီး မချပြသေးတာပါ ဆိုပြီး ပြောထားပါတယ် ။
Credit:democracy