BEC-TERO TV

ပြည်တွင်းက၀ါးဈေးကွက်မှာ ၀ယ်လိုအားမြှင့်တက်နေပေမယ့် နည်းပညာ လိုအပ်ချက်တွေရှိနေ

21 Sep 2017     1,300 Views


ပြည်တွင်းမှာ သဘာဝအလျောက်ပေါက်လေ့ရှိတဲ့ ၀ါးတွေနဲ့ ပြုလုပ်ထားတဲ့ အသုံးဆောင် ပစ္စည်းတွေ၊ပရိဘောဂပစ္စည်းတွေဟာ ဈေးကွက်ထဲမှာပြန်လည်ဝယ်လိုအားမြှင့်တက်နေပေမယ့် နည်းပညာလိုအပ်ချက်တွေရှိနေသေးတယ်လို့ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းက သိရပါတယ်။ပြည်တွင်းမှာသဘာဝအလျောက်ပေါက်လေ့ရှိတဲ့ ၀ါးနဲ့ပြုလုပ်တဲ့အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ ၀ါးခြင်းတောင်း၊၀ါးခမောက်စတဲ့ ရိုးရာပစ္စည်းတွကိုသာလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဝါးပစ္စည်းတွေကို ပြည်တွင်းဈေးကွက်မှာသာ ၀ယ်လိုအားမြှင့်တက်လာပေမယ့် ပြည်ပ ဈေးကွက်ကိုထိုးဖောက်နိုင်ဖို့ နည်းပညာလိုအပ်ချက်တွေရှိနေသေးတယ်လို့သိရပါတယ်။နည်းပညာ လိုအပ်ချက်တွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊ဗီယက်နမ်နိုင်ငံတို့နဲ့ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌကပြောပါတယ်။လက်ရှိမှာတော့ ၀ါးနဲ့ပြုလုပ်ထားတဲ့ ပါကေး၊ပရိဘောဂတွေနဲ့ဆောက်လုပ်ရေး အပိုင်းမှာအသုံးပြုနိုင်တဲ့အသုံးအဆောင်ကို ပြည်ပနိုင်ငံတွေကိုတင်ပို့နေတာဖြစ်ပြီး နည်းပညာအပိုင်း အရတော့ လိုအပ်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။

ဒါ့အပြင် ၀ါးအသုံးအဆောင်ပစ္စည်းတွေ ပြုလုပ်နိုင်ဖို့အတွက် ၀ါးရဲ့သက်တမ်းကိုအတိကျသိရှိနိုင်ဖို့နဲ့ ၀ါးအသုံးအဆောင် ပစ္စည်းတွေပြုလုပ်တဲ့ အခါမှာ အရည်အသွေးကောင်းဖို့က အဓိကကျတယ်လို့လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ပြည်ပကို ယခင်ကတင်ပို့နေကျဖြစ်တဲ့ ၀ါးမီးသွေးနဲ့ဝါးနဲ့ပြုလုပ်တဲ့ငါးမျှားတံဟာ ယခုလက်ရှိမှာပျောက်ကွယ်နေပြီဖြစ်တယ်လို့သိရပါတယ်။ ၀ါးနဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပြည်ပဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက်သဘာဝ အလျှောက်ပေါက်နေတဲ့ဝါးတွေကိုထိန်းသိမ်းပြီး ၀ါးစိုက်ပျိုးတာတွေကိုပါလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်းသိရပါတယ်။


21 Sep 2017     1,300 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS