ဒုံးကျည်ပစ်လွှတ်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယား ပြော
20 Sep 2017 1,304 Views
မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်ပစ်လွှတ်တာတွေ ဆက်လုပ်သွားမှာဖြစ်ပြီး စစ်ရေးစွမ်းရည် တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်ကပြောလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟွာဆောင်း(၁၂)ဒုံးကျည်ပစ်လွှတ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းက အမေရိကန်ပိုင်ဂူအမ်ကျွန်းကို တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့ ပါတယ်။ အခုဆိုရင်လည်း မြောက်ကိုရီးယားနိုင်ငံဘက်က ဒုံးကျည်တွေဆက်လက်ပစ်လွှတ်သွားဖို့ ရှိတယ်ဆိုပြီး ပြောလိုက်ပြန်ပါတယ်။
နျူကလီးယားတိုက်ခိုက်မှုတွေ ဆက်လုပ်သွားနိုင်ဖို့ စစ်ရေးစွမ်းရည်တိုးမြှင့်အောင် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအန်က ပြောတယ်ဆိုပြီး မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သတင်းဖော်ပြပါတယ်။မြောက်ကိုရီးယား နိုင်ငံဟာ ဟွာဆောင်း(၁၄)ဒုံးကျည်ကို ရေပြင်ညီအတိုင်း ပစ်လွှတ်သွားဖို့ရှိတယ်ဆိုပြီး နိုင်ငံရေး သုံးသပ်သူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းက မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်ခဲ့တဲ့ ဟွာဆောင်း(၁၄)ဒုံးကျည်တွေကို (၄၅)ဒီဂရီတိမ်းစောင်းပြီးပစ်လွှတ်ခဲ့ပါတယ်။
အဲ့ဒီဒုံးကျည်တွေက မြေပြင်အထက်(၃၇၀၀)ကီလိုမီတာအကွာကနေ ပျံသန်းခဲ့ပြီး ကီလိုမီတာ(၁၀၀၀)အကွာအဝေးလောက်ကို ရောက်ရှိခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိ အချိန်ထိ ဒုံးကျည်တွေလေထုထဲကို အောင်အောင်မြင်မြင် နဲ့ပြန်လည်ဝင်ရောက်လာနိုင်မယ့် နည်းပညာ ကို ဟွာဆောင်း(၁၄)ဒုံးကျည်ပစ်လွှတ်တာနဲ့အတူ စမ်းသပ်ခဲ့ပါတယ်။