မန္တလေးတိုင်းဒေသကြီးတွင် အခုနှစ်ဇူလိုင်လအထိနိုင်ငံခြားခရီးသွား ဧည့်သည် ၀င်ရောက်မှုမှာ(၂၆၈၀၀၀)ကျော်ရှိနေ
20 Sep 2017 1,319 Views
အခု(၂၀၁၇)ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ (၂သိန်း၆သောင်း၈ထောင့် ၄ရာ့ ၉ဆယ့်၎)ဦး ထိရှိနေပြီဖြစ်တယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီးကို နိုင်ငံခြားခရီးသွားဧည့်သည့် ၀င်ရောက်မှုကို မနှစ်က(၂၀၁၆)ခုနှစ်အလားတူကာလနဲ့နှိုင်းယှဉ်ရင် နိုင်ငံခြားခရီးသွားဧည့်သည် (၆)သောင်းကျော်မြင့်တက် လာတယ်လို့သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးဟာ နိုင်ငံခြားခရီးသွားဧည်သည်များ လာရောက် လည်ပတ်တဲ့ အထင်ကရမြို့တစ်မြို့ဖြစ်ပြီး စေတီပုထိုးများ၊မြနန်းစံကျော်ရွှေနန်းတော်အစရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ များစွာတည်ရှိခြင်းကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ အနေနဲ့ လာရောက်လည်ပတ်မှုများပြားတာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်အများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၊ဒုတိယအများဆုံးအဖြစ် ပြင်သစ် ၊တတိယအများဆုံးအဖြစ်ထိုင်း၊စတုတ္ထအများဆုံးအဖြစ်ဂျာမဏီနဲ့ ပဉ္စမအများဆုံးကတော့ အမေရိကန်နိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုနှုန်းမှာ ၂၀၁၅ ခုနှစ်မှာ(၃၀၆၄၃၂)ဦးနှင့် ၂၀၁၆ ခုနှစ်မှာ(၃၈၅၀၃၁)ဦး လာရောက်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။