BEC-TERO TV

ရုရှားမြို့ကြီးများတွင် ဗုံးလန့်မှုဖြစ်ပွား

18 Sep 2017     1,305 Views


ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့ရဲ့အဓိကဘူတာရုံ(၃)ခုနဲ့ရင်ပြင်နီနားက ဆိုဗီယက်ခေတ် လက်ကျန် ၀န်ထမ်းသက်သာဆိုင်ကြီးတွေအပါအ၀င် အဆောက်အအုံအခု(၂၀)လောက်ကို စက်တင် ဘာလ(၁၃)ရက်မှာ ဗုံးရှိမရှိစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားအစိုးရပိုင် အာအိုင်အေ နိုဗော့စတီ သတင်းဌာနက သတင်းဖော်ပြပါတယ်။` အဆောက်အအုံတွေမှာ ဗုံးထောင်ထားတယ်ဆိုပြီး ဖုန်းခေါ်ပြောဆိုတာတွေရှိခဲ့တဲ့အတွက် မော်စကိုမြို့နဲ့အခြားမြို့ကြီးတွေက အဆောက်အအုံဒါဇင်ချီမှာ နေထိုင်သူတွေကို ရုရှားအာဏာပိုင်တွေက ယခုတစ်ပတ်အတွင်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ဗုံးပေါက်ကွဲနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှု အခု(၁၀၀)လောက်ရှိခဲ့တဲ့အတွက် ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့က ပြည်သူအယောက်(၅၀၀၀၀)လောက်ကို ပြောင်းရွှေ့ ပေးခဲ့ရ တယ်လို့ ရုရှားအစိုးရပိုင်တက်စ်သတင်းအေဂျင်စီက သတင်းဖော်ပြပါတယ်။လက်ရှိအချိန်မှာတော့ အဲ့ဒီခြိမ်းခြောက်မှုတွေက သတင်းမှားသာဖြစ်နေတယ်ဆိုပြီး ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ ဗုံးရှိနိုင်တယ်ဆိုပြီးဖုန်းခေါ်ပြောခဲ့တဲ့သူတွေရဲ့တည်နေရာကို စုံစမ်းခဲ့ရာမှာ ယူကရိန်းနိုင်ငံ ကိဗက်ဗ်မြို့ကဖြစ်တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ယူကရိန်းနယ်ထဲက ခရိုင်းမီးယားဒေသကို ရုရှားကထိန်းချုပ်ထားတာအပြင် ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးလှုပ်ရှားမှုတွေကြောင့် ရုရှားနဲ့ယူကရိန်းနိုင်ငံတို့ကြားမှာ တင်းမာမှုတွေဖြစ်ပွားနေတာပါ။


18 Sep 2017     1,305 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS