အာရှ-ပစိဖိတ်မြို့ကြီးများနှင့် မြို့တော်ဝန်များဆိုင်ရာ မျက်နှာစုံညီဆွေးနွေးပွဲ ပြုလုပ်
15 Sep 2017 1,300 Views
အာရှ-ပစိဖိတ်ဒေသမြို့ကြီးများနှင့်မြို့တော်ဝန်များဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးကို တောင်ကိုရီးယားမှာ ကျင်းပနေပြီး အာရှနဲ့ပစိဖိတ် ဒေသမှာရှိတဲ့ နိုင်ငံပေါင်း(၂၈)နိုင်ငံမှာရှိတဲ့ မြို့ကြီးပေါင်း(၁၂၀)က အစိုးရအရာရှိတွေ၊သိပ်္ပံပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက် နေပါတယ်။ထုတ်လုပ်ရေးနယ်ပယ်နဲ့နည်းပညာနယ်ပယ်တို့ပေါင်းစပ်မှုဟာ နောက်ကြောင်း မပြန်နိုင်တဲ့ လမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်လို့ ဒယ်ဂျုံးမြို့အစိုးရအနေနဲ့စတုတ်္ထစက်မှုတော်လှန် ရေးအတွက်မူဝါဒတွေကို မြို့တော်ဝန်ကွမ်ဆမ်တိုက်က မိတ်ဆက်ခဲ့ပါတယ်။ခေတ်မီနည်းပညာတွေဟာ မြို့ပြဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ၊ဘရစ်စ်ဘိန်းမြို့ရဲ့မြို့တော်ဝန် ဂရေဟမ်ကွာ့ခ်ကပြောပါတယ်ဘရစ်ဘိန်းမြို့ကမူလတန်းကျောင်းသားတွေကို ကွန်ပြူတာပရိုဂရမ်ရေးဆွဲနည်းနဲ ဖုန်းအက်ပလီကေးရှင်း ပြုလုပ်တာတွေ ကို သင်ကြားပေးနေတယ်ဆိုတဲ့ သူ့ရဲ့တင်ပြချက်တွေဟာ ဆွေးနွေးပွဲတက်ကိုယ်စားလှယ်တွေကြား အာရုံစွဲဆောင်မှုပြုလုပ်ခဲ့ပါတယ်။နည်းပညာသစ်တွေနဲ့ စီးပွားရေးပုံစံသစ်တွေအကြောင်း ဆွေးနွေး တာတွေပြုလုပ်ပြီးတဲ့နောက်မှာ စက်တင်ဘာလ(၁၃)ရက်မှာ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန် သွားမယ်လို့ ဒယ်ဂျုံးမြို့တော်ဝန်ကပြောပါတယ်။