ချစ်သူစာရေးဆရာမ တစ်ယောက်အတွက် စိတ်လှုပ်ရှားနေတဲ့ ကောင်းပြည့်
13 Sep 2017 1,385 Views
မော်ဒယ်တစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို တစ်စတစ်စ တိုးဝင်လာခဲ့တဲ့ သရုပ်ဆောင် ကောင်းပြည့်တစ်ယောက် အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိထားပြီးဖြစ်ပါတယ်။
သူရဲ့ အနုပညာဖြတ်သန်းမှုတစ်လျောက်မှာ သူ့ရဲ့ အချစ်ရေးကိစ္စတွေကလည်း ပရိသတ်အထူး စိတ်ဝင်စားခဲ့ရတဲ့ အဖြစ်ပျက်လေးတွေ ရှိနေခဲ့ပါတယ်။
မော်ဒယ်သန္တာဗိုလ်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ကျော်ရှိလာပြီဖြစ်တဲ့ ကောင်းပြည့်တစ်ယောက် စာရေးဆရာမ တစ်ယောက်ရဲ့ ချစ်သူအဖြစ် စိတ်လှုပ်ရှားနေပြန်ပါပြီ။ “ကျွန်မချစ်သောသူများ” ရုပ်သံဇာတ်လမ်းတွဲမှာ အပြင်မှာ တစ်ကယ်ရှိတဲ့ စာရေးဆရာမဇာတ်ကောင်ရဲ့ ချစ်သူအဖြစ် သရုပ်ဆောင်ရမှာမို့ အနည်းငယ် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
“ရုပ်သံဇာတ်လမ်းတွဲမှာ ပထဆုံးသရုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်ကလည်း အပြင်မှာ တကယ်ရှိနေတာမျိုးဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ ဒီဇာတ်လမ်းက ကျွန်တော့အတွက် ဂရုစိုက်ရမယ့် ဇာတ်လမ်းပါ။ ကျွန်တော်တောက်လျောက် သရုပ်ဆောင်ခဲ့တာက ပေါ့ပေါ့ပါးပါးတွေ များတယ်လေ။ ပါဝင်သရုပ်ဆောင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျွန်မချစ်သောသူများ” ရုပ်သံဇာတ်လမ်းတွဲကို စာရေးဆရာမ မေသင်္ကြန်ဟိန် ဇာတ်လမ်းရေးဖွဲ့ထားကြောင်း သိရှိရသည်။
သန္တာဗိုလ်နဲ့ သူ့ရဲ့အချစ်ရေးက အေးဆေးရှိနေပြီး မင်္ဂလာသတင်းအတွက် တိတိကျကျသတ်မှတ်ထားတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
“သီတင်းတွေကျွတ်နေဦးမှာပါ။ ဘယ်အချိန်မှာ မင်္ဂလာသတင်းနဲ့ သီတင်းကျွတ်ကာလနဲ့ သွားတိုက်ဆိုင်မလဲဆိုတာတော့ ပြောလို့မရသေးဘူး”
သတင်းကိုးကား - မြန်မာ့အလင်း
ဓါတ်ပုံ - ကောင်းပြည့်ဖေ့စ်ဘွခ်