ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ ကိုကွမ်းယာမှာထည့်သွင်းစားသုံးမူ ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဓိကစိန်ခေါ်မှု ဖြစ်နေပြီ
13 Sep 2017 1,302 Views
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှအာဆီယံနိုင်ငံတွေကြား ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံ ကိုကွမ်းယာမှာထည့်သွင်းစားသုံးမူ ရာခိုင်နှူန်းအများဆုံးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာအဓိကစိန်ခေါ်မှု တစ်ရပ် ဖြစ်နေပြီလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။ ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံသုံးစွဲမှုဟာ ပြည်သူ့ကျန်းမာရေးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေတာနဲ့ ပက်သက်ပြီး စက်တင်ဘာလ(၁၁)ရက်ကနေပြည်တော်မှာရှိတဲ့ ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနရုံးမှာပြုလုပ်ခဲ့တဲ့ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်များ ထိန်းချုပ်ရေးအတွက် မီဒီယာများမှတစ်ဆင့် လူထုလှုံ့ဆော်ပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က သ၀ဏ်လွှာပေးပိုခဲ့တာဖြစ်ပြီး သ၀ဏ်လွှာကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာဖေမြင့်က ဖတ်ကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ မကူးစက်တတ်တဲ့ရောဂါများအထူးသဖြင့် ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်များသုံးစွဲမှုကြောင့်ဖြစ်လာတဲ့ရောဂါတွေကုကာကွယ်ထိန်းချုပ်ဖို့ လိုအပ်နေပြီး လူငယ်လူရွယ်များ အမျိုးသားအမျိုးသမီးများအပါအ၀င် ပြည်သူတွေအကြား ဆေးလိပ်သောက်ခြင်းနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါဝင်တဲ့ကွမ်းယာများစားသုံးမှုဟာနေ့စဉ်တိုးတက်လာနေပြီး သတိပြုကြဖို့ သ၀ဏ်လွှာထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင်လက်ရှိဆေးလိပ်ဆေးရွက်ကြီးနဲ့ ကွမ်းယာသုံးစွဲခြင်းမရှိသေးတဲ့ ကျောင်းသားကျောင်သူတွေ ကိုစတင်သုံးစွဲခြင်းမပြုစေရေးနဲ့ သုံးစွဲမိသူတွေအားလုံးကိုလဲ အန္တရာယ်ကြီးမားလှတဲ့ သုံးစွဲမူကို ရပ်တန့်စေရေးကို ပူးပေါင်းဆောင်ရွက်ကျဖို့ကိုလည်း တိုက်တွန်းပြော ကြားခဲ့ပါတယ်။
ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် “နောင်တမရအောင် ကွမ်းယာကိုရှောင်”မီဒီယာများမှတစ်ဆင့် လူထူလှုံ့ဆော်မူတွေကို ယနေ့ စက်တင်ဘာလ(၁၁)ရက်မှ စတင်ကာ လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာအသံနှင့်ရုပ်မြင်သံကြား(MRTV)၊ မြ၀တီရုပ်မြင်သံကြား၊ MRTV-4ရုပ်သံလိုင်းတို့ကနေ အသိပညာပေးတာတွေကိုထုတ်လွင့်သွားမှာဖြစ်ပြီး ရေဒီယိုတွေ ပိုစတာတွေနဲ့လဲ အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။