BEC-TERO TV

ရန်ကုန်တိုင်းဒေသကြီးနားမကြားသောကလေးများကျောင်းမှာ အခြေခံမုန့်လုပ် သင်တန်းပေးနေ

13 Sep 2017     1,356 Views


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှာ အသက်မွေးဝမ်းကြောင့်အဖြစ် အခြေခံမုန့်လုပ်သင်တန်းကိုသင်ကြားပေးနေတယ်လို့သိရပါတယ်။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှာ အသက်(၁၄)နှစ်နဲ့အထက်၊ မုန့်လုပ်ဝါသနာပါသူတွေကို အခြေခံမုန့်လုပ်ပညာ သင်ကြားပေးနေတာပါ။

နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှာ အတန်းပညာအားဖြင့် စတုတ္ထတန်းအထိသာရှိတာကြောင့် နားမကြားသောကလေးတွေကို အသက်မွေးဝမ်းကျောင်းပညာ ရရှိစေရန် အခြေခံမုန့် လုပ်သင်တန်းပေးတာဖြစ်ပါတယ်။ ဒါ့အပြင် အခုသင်ကြားပေးနေတဲ့ မုန့်လုပ်သင်တန်းကို အခြေခံသာမက အဆင့်မြင့်မုန့်လုပ်ပညာပါ သင်ကြားပေးစေချင်တယ်လို့ပြောပါတယ်။နားမကြားသောကလေးများကျောင်း(ရန်ကုန်) မှာသင်ကြားပေးနေတဲ့ အခြေခံမုန့်လုပ်သင်တန်းကို အပတ်စဉ် အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူး နေ့ ကျောင်းလွှတ်ပြီးချိန်မှာ သင်ကြားပေးတာဖြစ်တယ်လို့သိရပါတယ်။ နားမကြားသောကလေးတွေကို အကြိုသက်မွေး ပညာအနေနဲ့ ကွန်ပျူတာ၊ ပန်းချီ၊ ဇာထိုးပန်းထိုးစက်ချုပ်စတဲ့သင်တန်းတွေကိုလည်းနွေရာသီကျောင်းပိတ်ရက်မှာသင်ကြား ပေးနေတယ်လို့သိရပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိနားမကြားသောကလေးများကျောင်း(ရန်ကုန်)ကို (၂၀၁၄)ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီး အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းကျန်းမာသန်စွမ်းပြီး နားမကြားတဲ့ကလေးတွေကို လက်ခံသင်ကြားပေးနေတယ်လို့ သိရပါတယ်။နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှာ အဆောင်နေကျောင်းသား၊ကျောင်းသူ(၈၂)ဦးနဲ့ နေ့သွားညပြန် ကျောင်းသားကျောင်းသူ(၃၈)ဦးစုစုပေါင်း (၁၂၀) ရှိတယ်လို့သိရပါတယ်။ အတန်းပညာကိုဆက်လက်သင်ကြားဖို့ စိတ်မ၀င်စားတော့တဲ့ နားမကြားသော ကလေးတွေကို သက်မွေးပညာသင် ကြားလို့ရအောင် လူမှုဝန်ထမ်းဦးစီးဌာလက်အောက်ရှိ သက်မွေးပညာသင်ကြားပေးနေတဲ့ ကျောင်းတွေနဲ့ချိတ်ဆက် ပေးသွားဖို့ရှိတယ်လို့သိရပါတယ်။


13 Sep 2017     1,356 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS