BEC-TERO TV

ရန်ကုန်တိုင်းဒေသကြီး နားမကြားသောကလေးများကျောင်းမှာ ဆရာ၊ဆရာမနည်းပါးမှုနှင့်စာသင်ကျောင်းဆောင် အခက်အခဲဖြစ်နေ

07 Sep 2017     1,350 Views


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှာ လက်သင်္ကေတပြ ဆရာ၊ဆရာမနဲ့ စာသင်ကျောင်းဆောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)ကို (၂၀၁၄)ခုနှစ် ဇွန်လကစတင်ဖွင့်လှစ်ခဲ့ပြီး အသက်(၆)နှစ်မှ(၁၈)နှစ်အတွင်းကျန်းမာသန်စွမ်းပြီး နားမကြားတဲ့ ကလေးတွေကို လက်ခံသင်ကြားပေးနေတယ်လို့သိရပါတယ်။ နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှာ အဆောင်နေကျောင်းသား၊ကျောင်းသူ(၈၂)ဦးနဲ့နေ့သွားညပြန်ကျောင်းသား၊ ကျောင်းသူ (၃၈)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၁၂၀)ရှိပါတယ်။ရုံးတွင်းဝန်ထမ်း(၂၈)ယောက်မှာ လက်သင်္ကေတနဲ့စာသင်ကြားနိုင်တဲ့ ဆရာ၊ဆရာမကတော့(၇)ဦးသာရှိတယ်လို့သိရပါတယ်။

နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှာ သူငယ်တန်း(၃)ခန်း၊ပထမတန်း(၁)ခန်း၊ ဒုတိယတန်း(၁)ခန်း၊တတိယတန်း(၁)ခန်းနဲ့ စတုတ္ထတန်း(၁)ခန်း စုစုပေါင်း စာသင်ခန်း(၇)ခန်းရှိပြီး ဆရာ၊ ဆရာမ(၇)ဦးနဲ့စာသင်ကြားရတာ အခက်အခဲရှိတယ်လို့ သိရပါတယ်။လက်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှာ စတုတ်္ထတန်းအထိသာ ရှိတာကြောင့် စတုတ္ထတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ပဉ္စမတန်းကိုတက်ဖို့အခက်အခဲဖြစ်နေပြီး ဒီကျောင်းမှာဘဲ အလယ်တန်းအဆင့်ထိ သင်ကြားပေးစေလို တယ်လို့ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှာတက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေကပြောပါတယ်။

နားမကြားသောကလေးများကျောင်း(ရန်ကုန်)ကို လာမယ့်ပညာသင်နှစ်(၂၀၁၈-၂၀၁၉)ခုနှစ်အတွက် ပဉ္စမတန်းထိထပ်မံတိုးချဲ့ဖို့စီစဉ်ထားပြီး လိုအပ်နေတဲ့လက်သင်္ကေတဆရာ၊ ဆရာမ ထပ်မံရရှိဖို့ကိုလည်း ၀န်ကြီးဌာနကို စာတင်ထားတယ်လို့သိရပါတယ်။ကျောင်းဆောင် ထပ်မံတိုးချဲ့ဖို့အတွက် မြေနေရာအခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်ရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)ရဲ့ အခြေခံပညာ မူလတန်းအဆင့်မှာ မြန်မာလက်သင်္ကေတ၊လက်စာလုံးပေါင်း၊နှုတ်ဖတ်စကားပြောနဲ့ အသံထွက် လေ့ကျင့်ခြင်း တို့ကိုသင်ကြားပေးနေတယ်လို့သိရပါတယ်။


07 Sep 2017     1,350 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS