BEC-TERO TV

လာမည့် (၅)နှစ်အတွင်း မြန်မာနိုင်ငံကတက္ကသိုလ်ပညာရေးကို နိုင်ငံတကာမှာ အဆင့်တစ်ခုရှိနေဖို့အကောင်အထည်ဖော်ဆောင်ရွက်နေ

06 Sep 2017     1,282 Views


မြန်မာနိုင်ငံကတက္ကသိုလ်ပညာရေးကို လာမယ့်(၅)နှစ်အတွင်း နိုင်ငံတကာမှာ အရည်အသွေး သတ်မှတ်ချက် အဆင့်တစ်ခုရှိနေဖို့ အကောင်အထည်ဖော်လုပ်ဆောင် သွားမယ်လို့ စက်တင်ဘာလ ၄ရက်က စိန်ရတုခန်းမမှာပြုလုပ်နေတဲ့ တက္ကသိုလ်ပညာရေးအဆင့်မြှင့်တင်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကသိရပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကိုတော့ စိန်ရတုခန်းမမှာစက်တင်ဘာလ(၄)ရက်ကနေ စက်တင်ဘာလ(၆)ရက်အထိ (၃)ရက်တာပြုလုပ်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ အရည်အသွေးပြည့်ဝပြီး အရည်အသွေးအာမခံချက်ရှိတဲ့ တက္ကသိုလ်တွေဖြစ်လာနိုင်ဖို့ရည်ရွယ်ပြီး နိုင်ငံတကာကအဖွဲ့အစည်းတွေ ပြည်တွင်းကပညာရှင်တွေနဲ့ ဆွေးနွေးပွဲတွေပြုလုပ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။

အခုဆွေးနွေး ပွဲမှာ မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးအခြေအနေတွေကိုလည်းအပြန်အလှန် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပညာရပ်နဲ့ဆိုင်တဲ့အရည်အသွေးသတ်မှတ်ချက်မှုဘောင်တွေကိုလည်း အခုဆွေးနွေးပွဲအပြီးမှာ သတ်မှတ်သွားမယ်လို့သိရပါတယ်။ အာဆီယံနိုင်ငံက ပညာရပ်သတ်မှတ်ချက် မူဘောင်နဲ့ မြန်မာနိုင်ငံရဲ့သတ်မှတ်ထားတဲ့မူဘောင်ချိတ်ဆက်နိုင်မယ်ဆိုရင် ကျောင်းသူ ကျောင်းသား တွေ၊ပညာရှင်တွေ၊အလုပ်သမားတွေဟာ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုရရှိမှာဖြစ်ပြီး နိုင်ငံခြားမှာ လည်း အလုပ်လုပ်ခွင့်တွေ၊ပညာသင်ကြားခွင့်တွေပိုမိုအဆင်ပြေစေမှာဖြစ်တယ်လို့သိရပါတယ်။

ပညာရေးအဆင်မြှင့်တင်မှုကိုတော့ ၂၀၁၃ခုနှစ် ကတည်းကဖော်ဆောင်လာခဲ့တာဖြစ်ပြီး အနာဂတ်မှာ ရလာဒ်ကောင်းတွေရရှိဖို့မျှော်လင့်နေတယ်လို့လည်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်က ပြောပါတယ်။ အခုပြုလုပ်လျက်ရှိတဲ့အလုပ်ရုံဆွေးနွေးပွဲကိုတော့ နိုင်ငံတကာပညာရေးအဖွဲ့အစည်း တွေ၊ပညာရှင်တွေ၊ပြည်တွင်းကပညာရေးနဲ့ပတ်သတ်တဲ့အဖွဲ့အစည်းတွေက ဆွေးနွေးမှုတွေ ပြုလုပ် နေတာဖြစ်ပြီး ဒီဆွေးနွေးပွဲရလဒ်တွေကို ၂၀၁၇ ဒီဇင်ဘာလမှစတင်ကာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် တွေမှာ အကောင်အထည်ဖော်သွားမယ်လို့လည်းသိရပါတယ်။


06 Sep 2017     1,282 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS