BEC-TERO TV

စက်တင်ဘာလ(၁)ရက်နေ့ ကစပြီး၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာတွေ စတင်လျှောက်ထားနိုင်ပြီဆို

06 Sep 2017     1,332 Views


လာမယ့် ၂၀၁၈ ခုနှစ်မှာတက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စက်တာဘာလ(၁)ရက်နေ့ကစပြီးတက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့်လျှောက်လွှာ ဖောင်တွေကို စတင်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။လာမယ့်၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာတွေကို စက်တင်ဘာလ (၁)ရက်ကနေ စတင်လျှောက်ထားနိုင်ပြီး စက်တင်ဘာလ(၂၉)ရက်နောက်ဆုံးထားကာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို အပြီးတင်သွင်းရမှာဖြစ်တယ်လို့သိရပါတယ်။

အခြေခံပညာအထက်တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ (၂၀၁၈)ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ကတော့ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးတွေထံမှ လျှောက်လွှာဖောင်တွေရယူပြီး လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ပြင်ပဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေကတော့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ လျှောက်လွှာဖောင်တွေကိုရယူပြီးလျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာတွေကို ဖြေဆိုမယ့်ဘာသာတွဲတွေအလိုက် အစိမ်းရောင်ကတ်ပြားနဲ့ ပန်းရောင်ကတ်ပြားဆိုပြီး နှစ်မျိုးခွဲခြားထားပြီး လျှောက်လွှာဖောင်ဖြည့်သွင်းတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘာသာတွဲတွေကို မှားယွင်းဖြည့်စွက်မိပါက ဖြည့်စွက်ထားတဲ့ ဘာသာရပ်အတိုင်းသာဖြေဆိုခွင့်ပြုမှာဖြစ်ပြီး ပြင်ဆင်ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲဝင်ခွင့်လျှောက်လွှာတွေကိုဝယ်ယူရမှာ လျှောက်လွှာဖောင်(၂၀၀)ကျပ်နဲ့  တံဆိပ်ခေါင်းဖိုး(၇၀၀)ကျပ်စုစုပေါင်း(၉၀၀)ကျပ်ကိုပေးသွင်းရမှာဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးအမှတ်(၂၅) နေပြည်တော်၊လှိုင်တက္ကသိုလ်နယ်မြေ(ဇွဲကပင်ဆောင်)နဲ့အမှတ်(၁၆၆)လသာလမ်းတို့မှာ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။စက်တင်ဘာလ(၁)ရက်နေ့မှ စက်တင်ဘာလ(၄)၇က်နေ့အထိရောင်းချခဲ့ရတဲ့ တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာအရေအတွက်မှာ တစ်သိန်းကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါ တယ်။ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုတဲ့သူ(၇သိန်း ၇သောင်း)ကျော် ရှိခဲ့တယ်လို့သိရပါတယ်။


06 Sep 2017     1,332 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS