ကိုယ့်လောကသားတွေကို ကူညီပေးချင်လို့ ရွေးကောက်ပွဲဝင်လျှောက်ဖြစ်တဲ့ လှမျိုးသဉ္ဖာနွယ်
05 Sep 2017 1,360 Views
အနုပညာလောကမှာ လှုပ်ရှားမှု နည်းနေတဲ့ လှမျိုးသဉ္ဖာနွယ်ဟာ မြန်မာရုပ်ရှင်အစည်းအရုံး ၂၀၁၈ ခုနစ်အတွက် အလုပ်အမှုဆောင်သစ်များရွေးချယ်ပွဲ သရုပ်ဆောင်အလွှာကနေ ၀င်ရောက်ရွေးချယ်ခံသွားမယ်လို့သိရပါတယ် ။
“အမက သရုပ်ဆောင်အလွှာကနေ အမှုဆောင်အနေနဲ့ဝင်ရောက်တာပါ ။ အစတုန်းက စီးပွားရေးလုပ်နေတော့ ဘာမှမလုပ်ဖြစ်ဘူး ။ အခုအနုပညာဘက်ကို ပြန်လှုပ်ရှားနေပြီဆိုတော့ ကိုယ့်လောကသားတွေနဲ့ အမြဲတမ်းတွေ့နေမြင်နေရတယ် ။ကိုယ်ဒီကြားထဲမှာ အလုပ်ဖြစ်ခဲ့တဲ့နှစ်တွေကိုလည်း စိတ်မကောင်းဘူး ။ အဲ့ဒါကြောင့် ကိုယ့်ရဲ့လောကသားတွေ အတွက်ဘာပဲ ဖြစ်ဖြစ် နှမ်းလေးတစ်ပွင့် ဖြစ်ရင်တောင်မှ ကူညီပေးချင်ပါတယ် ဆိုတဲ့ စိတ်နဲ့ ပါ ။ဒီလိုမျိုး လုပ်ရတာက အချိန်ရော ၊ လူရောအကုန်ပေးရတယ် ။ ကိုယ့်လောက သားတွေနဲ့ အမြဲတမ်းထိတွေ့ပြီးတော့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နဲ့ ကိုယ့်အချင်းချင်းတွေ မြင်ရတော့ စိတ်ချမ်းသာတယ်လေ ။ သမီးလေးကလည်း နည်းနည်းကြီးလာတော့ သူံကို လက်လွှတ်လို့ ရပြီ ။ အမျိုးသားကလည်း ခွင့်ပြုတယ် ။ကိုယ့်ဘ၀ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ဝင်စားတဲ့ ၊ ၀ါသနာပါနဲ့ အလုပ်ကို သွားလုပ်ပါလို့ တိုက်တွန်းတာနဲ့ အစည်းအရုံးမှာ ၀င်လျှောက်ဖြစ်တာပါ” လို့ပြောသွားခဲ့ပါတယ် ။
“ရွေးကောက်ပွဲကတော့ အားလုံးမဲထည့်တဲ့လူကတော့ ဥက္ကဋ္ဌ ဖြစ်လာမှပေါ့ ။ အစ်မတို့က အမှုဆောင်ဆိုတော့ ဖြစ်လာတဲ့ ဥက္ကဋ္ဌ ကို ကိုယ်တက်နိုင်တာလေး ၀ိုင်းဝန်းကူညီပံ့ပိုးရမှာပေါ့ ။ အမ တကယ်လို့ အမှုဆောင်ဖြစ်လာရင် သူတို့ ပေးလာတဲ့ တာဝန်ကိုလှုပ်ရှားသွားရမှာပါ ။ အခုကတော့ အမတို့ အနေနဲ့ လျှောက်ထားတဲ့ အဆင့်ဆိုတော့ ဘာလုပ်ပေးရမှန်း ဘာကူညီရမှန်းမသိသေးပါဘူး” လို့ ပြောသွားခဲ့ပါတယ် ။
credit:popular journal