မြောက်ကိုရီးယားက ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး ဒုံးကျည်ပစ်လွှတ်
31 Aug 2017 1,286 Views
မြောက်ကိုရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံမြောက်ပိုင်းက ဟော့ကိုင်းဒိုးကျွန်းကိုဖြတ်ကျော်ပြီး ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပါတယ်။ဂျပန်အစိုးရကတော့ အဲဒီဒုံးကျည်ဟာ တာလတ်ပစ်ပဲ့ ထိန်းဒုံးချည်ဖြစ်နိုင်တယ်လို့ပြောပါတယ်။အဲဒီဒုံးကျည်ဟာ အင်္ဂါနေ့မနက်ပိုင်းမှာ ပစိဖိတ် သမုဒ္ဒရာထဲ ကို မကျခင်မှာ သုံးပိုင်းကွဲထွက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိသေးဘူးလို့ သိရပါတယ်။တောင်ကိုရီးယားစစ်တပ်ကတော့ ဒုံးကျည်ဟာ အမြင်(၅၅၀)ကီလိုမီတာအထိ ရောက်ရှိ ခဲ့ပြီး (၂၇၀၀)ကီလိုမီတာအထိ ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။
ဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံမြို့တော်ပြုံရမ်းမှာရှိတဲ့ နိုင်ငံတကာလေဆိပ်နားကနေ ပစ်လွှတ်ခဲ့တယ်လို့ ယူဆရပါတယ်။အခုတစ်ကြိမ်ပစ်လွှတ်မှုဟာ ဂျပန်နိုင်ငံကိုဖြတ်ကျော် ပစ်ခတ်တဲ့ မြောက်ကိုရီးယားရဲ့ငါးခုမြောက်ဒုံးကျည်လည်းဖြစ်ပါတယ်။ဒီဒုံးကျည်ပစ်ခတ်မှုကြောင့် ဟော့ကိုင်း ဒိုးကျွန်းမှာ နေထိုင်သူတွေအနေနဲ့ ခိုလှုံရေးစခန်းတွေမှာနေထိုင်ဖို့ အရေးပေါ်သတိပေးချက်ကို ဂျပန်အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲကတော့ မြောက်ကိုရီးယားက အခုနောက်ဆုံး ပြုလုပ်ထားတဲ့ဒုံးကျည်ဟာ ဂျပန်နိုင်ငံကို ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောထား ပါတယ်။ဂျပန်အစိုးရအနေနဲ့ မြောက်ကိုရီးယားရဲ့အခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာ ဖြစ်ပြီး အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုသွားမယ်လို့ ၀န်ကြီးချုပ်အာဘဲကပြောပါတယ်။