BEC-TERO TV

ပိတ်ဆို့မှုအသစ်များချမှတ်သည့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားရှုတ်ချ

09 Aug 2017     1,286 Views


ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ပိတ်ဆို့မှုအသစ်တွေကို မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချလိုက်ပါတယ်။ဒေသတွင်းတင်းမာမှုမြင့်တက်နေချိန်မှာပဲ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ပြန်လည်တုံ့ပြန်သွားမယ်လို့လည်း မြောက်ကိုရီးယားဘက်ကပြောပါတယ်။ လုံခြုံရေးကောင်စီက စနေနေ့မှာ တညီတညွတ်တည်းချမှတ်လိုက်တဲ့ပိတ်ဆို့မှုတွေဟာ နိုင်ငံ့ အချုပ်အခြာကို ထိပါးရာရောက်ပြီး တရားနည်းလမ်းကျကျပြန်တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းမှာဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအပေါ်ရန်လိုတဲ့မူဝါဒကို ဆက်ပြီးကိုင်စွဲ ထားနေသမျှ နျူကလီးယားအစီအစဉ်ကို စေ့စပ်ညှိနှိုင်းတဲ့အဆင့်အထိရောက်အောင် လုပ်သွားမှာ မဟုတ်ဘူးဆိုတာကိုလည်း နိုင်ငံပိုင်သတင်းမှာဖော်ပြခဲ့ပါတယ်။လုံခြုံရေးကောင်စီက စနေနေ့တုန်းက ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယားပြည်ပပို့ကုန်တွေကို ဦးတည်ပိတ်ဆို့ဖို့ ရည်ရွယ်ပါ တယ်။ဒီပိတ်ဆို့မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံဟာ တစ်နှစ်ကို ဒေါ်လာ တစ်ဘီလျံအထိ ဆုံးရှုံးမှုဖြစ်စေမှာ ဖြစ်ပါတယ်။

မနီလာမြို့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီး တရုတ်နဲ့ရုရှားတို့နိုင်ငံတို့က ပိတ်ဆို့မှုတွေအသစ်တွေကို ထောက်ခံတာဟာ ခိုင်မာတဲ့သီတင်းစကား ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


09 Aug 2017     1,286 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS